ဇာတ်ကားများ ရွေးရန်

Last Sentinel

2023ဇာတ်ကားအမှတ် 5.7/10112 မိနစ်

အနာဂတ်တစ်ချိန်မှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ကုန်းမြေအားလုံးနီးပါး ပင်လယ်ရေအောက် နစ်မြုပ်သွားပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေကတော့ မပြီးသေးဘူး။ ရေပေါ်မှာ ကင်းစခန်းတွေ ဆောက်ပြီး ရန်သူ့လှုပ်ရှားမှုကို ဆက်စောင့်ကြည့်နေကြဆဲပါ။ ဗိုလ်ကြီးဟန့်ဒရစ်ခ်ျ ဦးဆောင်တဲ့ စစ်သားလေးယောက်ပါ ကင်းတပ်ဖွဲ့ဟာလည်း သူတို့တာဝန်ကျရာ ရေပေါ်စခန်းမှာ နှစ်နှစ်ပြည့်သွားပြီဖြစ်လို့ ကယ်ဆယ်ရေးသင်္ဘောကို စောင့်မျှော်နေကြပါတယ်။ တစ်လတစ်ကြိမ် တိုက်ခတ်တဲ့ မုန်တိုင်းဒဏ်ကြောင့် စခန်းက တဖြည်းဖြည်း ယိုယွင်းလာတယ်။ ဌာနချုပ်ဆီက အကြောင်းကြားစာအသစ်တွေလည်း ရောက်မလာတော့ဘူး။ လူသူကင်းမဲ့ပြီး ရေပတ်လည်ဝိုင်းနေတဲ့နေရာမှာ နှစ်နှစ်ကျော် နေလာရတဲ့ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာပါတယ်။ တစ်နေ့မှာတော့ သူတို့စောင့်နေတဲ့ ကယ်ဆယ်ရေးသင်္ဘောလို့ ယူဆရတဲ့ သင်္ဘောတစ်စီး မျောလာတာကို တွေ့လိုက်ရတယ်။ သင်္ဘောပေါ်မှာ ပစ္စည်းတွေရှိပေမယ့် လူတစ်ယောက်မှ မပါလာပါဘူး။ ဒီသင်္ဘောအကြောင်း ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာလည်း ဘာမှပြန်မလာတဲ့အတွက် သင်္ဘောကိုပြင်ပြီး လူနှစ်ယောက်က အစီရင်ခံစာကို ဌာနချုပ်ဆီ ကိုယ်တိုင်သွားပို့ဖို့ စီစဉ်ကြပါတယ်။ ဒီအစီအစဉ် အောင်မြင်ပါ့မလား၊ ဌာနချုပ်က ဘာကြောင့် အကြောင်းမပြန်တာလဲဆိုတာ သူတို့မသိရသေးဘူး။ သူတို့ဟာ နောက်ဆုံးကျန်တဲ့ ကင်းတပ်ဖွဲ့ ဖြစ်နေပြီလား၊ ကယ်ဆယ်မယ့်သူတွေနဲ့ ရန်သူတွေထဲက ဘယ်သူအရင်ရောက်လာမလဲဆိုတဲ့ မေးခွန်းတွေကြား ဆက်စောင့်နေရတဲ့ ၂၀၂၃ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ် သည်းဖိုဒရာမာပါ။

ဇာတ်လမ်းအကြောင်း