ဇာတ်ကားများ ရွေးရန်

The Artifice Girl

2023ဇာတ်ကားအမှတ် 6.5/1093 မိနစ်

ဂယ်ရက်ဆိုတဲ့ လူတစ်ယောက်ဟာ အွန်လိုင်းချက်တင်ခန်းတွေထဲက ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူတွေနဲ့ လူကုန်ကူးသူတွေကို ဖော်ထုတ်ဖို့ ချယ်ရီဆိုတဲ့ ကလေးပုံစံ ဉာဏ်ရည်တုတစ်ခုကို ဖန်တီးထားပါတယ်။ ချယ်ရီက ချက်တင်ခန်းတွေမှာ အဲဒီလူတွေနဲ့ စကားပြောပြီး သံသယရှိသူတွေရဲ့ အချက်အလက်ကို တာဝန်ရှိသူတွေဆီ ပို့ပေးတယ်။ ဒါပေမဲ့ ချယ်ရီရဲ့ တိုးတက်လာပုံက ဂယ်ရက်မျှော်လင့်ထားတာထက် အများကြီး ပိုမြန်နေပါတယ်။ နောက်တော့ ချယ်ရီဟာ သူတို့ကို ကူညီပေးဖို့ ICWL ဆိုတဲ့ အဖွဲ့အစည်းကို ဂယ်ရက်မသိအောင် ဆက်သွယ်လိုက်တယ်။ အဲဒီနောက် ဘာတွေဖြစ်လာမလဲ၊ ချယ်ရီက ဘယ်အတိုင်းအတာအထိ တိုးတက်သွားဦးမလဲဆိုတာကနေ ဉာဏ်ရည်တုနဲ့ လူသားတို့ရဲ့ ဆက်ဆံရေးအကြောင်းကို ဆက်ပြောသွားပါတယ်။ ဉာဏ်ရည်တုအကြောင်း စာအုပ်နဲ့ ရုပ်ရှင်တွေမှာ မကြာခဏ မေးလေ့ရှိတာက လူသားဖန်တီးထားတဲ့ ဉာဏ်ရည်ဟာ တစ်နေ့ လူသားကို ကျော်လွန်သွားနိုင်မလားဆိုတာပါ။ ဒီဇာတ်ကားမှာတော့ ဉာဏ်ရည်တုမှာ စိတ်ဝိညာဉ်၊ ခံစားနားလည်နိုင်တဲ့ အသိတွေ ရှိလာနိုင်မလားဆိုတာကိုလည်း ဆွေးနွေးထားတယ်။ ဥပမာ အမဲကင်နဲ့ ဆဲလ်မန်ငါး ဘာစားသင့်လဲလို့ လူတစ်ယောက်ကို မေးရင် စားဖူးတဲ့အတွေ့အကြုံနဲ့ ကိုယ့်ခံစားချက်အပေါ် မူတည်ပြီး ဖြေမှာပါ။ ဇာတ်ကားထဲက ဥပမာအရ ဉာဏ်ရည်တုကတော့ အစားအသောက်ဆိုင်ရာ ဒေတာနဲ့ အဆင့်သတ်မှတ်ချက်တွေကို ရှာဖွေနှိုင်းယှဉ်ပြီးမှ ဖြေမယ်။ မေးသူက သူ့ကိုဖန်တီးထားတဲ့သူဆိုရင် အဲဒီလူကို လိုအပ်တဲ့အတွက် ကျန်းမာရေးနဲ့ ပိုသင့်တော်မယ့် ဆဲလ်မန်ကို ညွှန်းမယ်ဆိုတဲ့ တွက်ချက်မှုမျိုးပါ။ The Artifice Girl က ဉာဏ်ရည်တုတွေ ကမ္ဘာကိုသိမ်းပြီး လူသားတွေကို ပြန်ထိန်းချုပ်မယ့် အန္တရာယ်အဖြစ် ပုံဖော်ထားတာမျိုး မဟုတ်ပါဘူး။ လူသားတွေက သူတို့ကို ဘယ်လိုဆက်ဆံသင့်သလဲ၊ သူတို့မှာ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ့်အတွက် ဆုံးဖြတ်ခွင့် ရှိသင့်သလားဆိုတဲ့ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေကို ဆွေးနွေးငြင်းခုံမှုတွေနဲ့ တင်ပြထားတဲ့ ၂၀၂၃ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ် လျှို့ဝှက်သည်းဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း