ဇာတ်ကားများ ရွေးရန်

The Raven

2012ဇာတ်ကားအမှတ် 6.3/10111 မိနစ်

၁၈၀၀ ပြည့်နှစ်ကာလကို နောက်ခံထားတဲ့ ဒီဇာတ်လမ်းမှာ ကဗျာဆရာ၊ စာရေးဆရာ အက်ဒ်ဂါအလန်ပိုးရဲ့ ပရိသတ်တစ်ယောက်ဟာ သူနှစ်သက်တဲ့ စာရေးဆရာရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီး လူသတ်မှုတွေ ကျူးလွန်လာပါတယ်။ အဲဒီနောက် ပိုးရဲ့ချစ်သူကိုပါ ပြန်ပေးဆွဲသွားပြီး လူတစ်ယောက်သတ်ပြီးတိုင်း သူမရှိတဲ့နေရာကို လိုက်ရှာနိုင်ဖို့ သဲလွန်စတွေ ချန်ထားပေးတယ်။ ပိုးအတွက်တော့ သူရေးခဲ့တဲ့ ဇာတ်လမ်းတွေက တကယ့်လူသတ်မှုတွေအဖြစ် ပြန်ပေါ်လာသလို ချစ်သူရဲ့အသက်အတွက်ပါ ပူပန်နေရပြီဖြစ်ပါတယ်။ သဲလွန်စတွေကနေ လူသတ်သမားကို ဖော်ထုတ်နိုင်ပါ့မလား၊ ချစ်သူကိုရော အချိန်မီ ကယ်တင်နိုင်ပါ့မလား။ John Cusack နဲ့ Luke Evans တို့ ပါဝင်ထားတဲ့ ၂၀၁၂ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကားပါ။ ဇာတ်လမ်းက စိတ်ကူးယဉ်ဖြစ်ပေမယ့် အသုံးပြုထားတဲ့ ပိုးရဲ့ကဗျာတွေနဲ့ ဝတ္ထုဇာတ်လမ်းတွေကိုတော့ သူ့စာအုပ်တွေထဲကနေ ယူထားပါတယ်။

ဇာတ်လမ်းအကြောင်း