ဇာတ်ကားများ ရွေးရန်

Lola 2

2022ဇာတ်ကားအမှတ် 4.0/1093 မိနစ်

အပျော်တမ်းလက်ဝှေ့ချန်ပီယံ လိုလာဟာ ကြိုးကြိုးစားစားနဲ့ ချန်ပီယံဖြစ်လာပြီးနောက် သူ့ဘေးမှာ အမြဲရှိပေးခဲ့တဲ့ ဒေးဗစ်နဲ့ ချစ်သူတွေ ဖြစ်လာပါတယ်။ ကြိုးဝိုင်းထဲမှာလည်း စိန်ခေါ်သူတွေကို တစ်ပွဲပြီးတစ်ပွဲ အနိုင်ယူနေခဲ့တယ်။ ဒါပေမယ့် ထရီနာဆိုတဲ့ စိန်ခေါ်သူနဲ့ ထိုးတဲ့ပွဲမှာ သူမမျှော်လင့်ထားတဲ့ အပြောင်းအလဲတစ်ခုကို သိလိုက်ရပါတယ်။ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာပါပဲ။ ရုတ်တရက် သိလိုက်ရတဲ့အခြေအနေကြောင့် လိုလာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပေမယ့် ဒေးဗစ်ရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကြောင့် ကလေးကို မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ဖက်မှာတော့ ထရီနာက မခံချင်စရာစကားတွေနဲ့ ကြိုးဝိုင်းထဲ ပြန်လာဖို့ စိန်ခေါ်နေတယ်။ လိုလာအတွက် ကိုယ်ဝန်ရှိနေချိန်မှာ ပူပန်စရာတွေ ရှိသလို သမီးလေးမွေးလာပြီးချိန်မှာလည်း ပြုစုစောင့်ရှောက်ဖို့ တာဝန်တွေ ရှိလာပါတယ်။ လက်ဝှေ့ကို အလွန်ချစ်တဲ့ လိုလာဟာ မိခင်တစ်ယောက်အဖြစ် နေထိုင်ရင်း ကြိုးဝိုင်းထဲ ပြန်ဝင်ချင်စိတ်ကိုလည်း လက်လွှတ်မရဘူး။ သူ့ခံစားချက်ကို နားမလည်ပေးနိုင်တဲ့ ခင်ပွန်းဒေးဗစ်ကို ရင်ဖွင့်မရသလို သမီးလေးကိုလည်း ပစ်ထားလို့မရတဲ့ကြားက လက်ဝှေ့ပြန်ထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကလေးမွေးပြီးတဲ့ ခန္ဓာကိုယ်နဲ့ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ခံနိုင်ရည်ရှိပါ့မလား၊ ဒေးဗစ်ကရော ကြည်ကြည်ဖြူဖြူ လက်ခံပေးနိုင်ပါ့မလား၊ ထရီနာနဲ့ ပြန်ယှဉ်ပြိုင်ရင်ရော အနိုင်ယူနိုင်ပါ့မလား။ ဒီအမျိုးသမီးလက်ဝှေ့ဒရာမာဟာ ၂၀၂၀ ခုနှစ်ထွက် Lola ရဲ့ နောက်ဆက်တွဲဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း