Detective Dee and Plague of Chang'an
ပန်းချီဆရာကြီးတစ်ယောက် နှစ်နှစ်ကြာ ကြိုးစားရေးဆွဲထားတဲ့ နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေ လာရောက်ကြည့်ရှုချိန်မှာ သူ့လက်ထောက်လေး ထူးထူးဆန်းဆန်း သေဆုံးနေတာကို တွေ့လိုက်ကြရပါတယ်။ အဲဒီနောက် ငရဲဘုံအကြောင်း ရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေ အဖြစ်ဆိုးနဲ့ သေဆုံးလာကြတော့ ချန်အန်မြို့တော်မှာ ကောလာဟလတွေ ပျံ့နှံ့လာတယ်။ မကောင်းမှုလုပ်သူတွေကို ကောင်းကင်က အပြစ်ပေးနေတာလို့ လူတွေ ပြောလာကြပါတယ်။ စုံထောက်ကြီးဒီးက ဒီသေဆုံးမှုတွေကို လိုက်လံစုံစမ်းပေမယ့် လူသတ်သမားဆင်ထားတဲ့ ထောင်ချောက်ထဲ ကျသွားပြီး သူကိုယ်တိုင် တရားခံအဖြစ် အဖမ်းခံလိုက်ရတယ်။ အဖမ်းခံထားရတဲ့ ဒီးတစ်ယောက် အမှုမှန်ကို ဘယ်လိုဖော်ထုတ်မလဲ၊ ကျမ်းထဲကအတိုင်း ဖြစ်ပျက်နေတဲ့ လူသေမှုတွေနောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက် ရှိနေမလဲ။
ဇာတ်လမ်းအကြောင်း