Amma I Love You
ဆစ်ဒူဟာ အိန္ဒိယက ကုမ္ပဏီကြီးတစ်ခုကို အမွေဆက်ခံရမယ့် သူဌေးသားတစ်ယောက်ပါ။ ကုမ္ပဏီကို လွှဲယူဦးစီးဖို့ သူ့အမေက အိန္ဒိယကို ပြန်ခေါ်လိုက်ပါတယ်။ အမေက သားအတွက် အသေးစိတ်ကအစ ဂရုစိုက်ပေးတတ်သလို ဆစ်ဒူကလည်း အမေ့စကားကို နားထောင်တဲ့သူမို့ သားအမိနှစ်ယောက် အလွန်ချစ်ကြတယ်။ မတော်တဆမှုတစ်ခုမှာ အမေ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ ကိုမာဝင်သွားတဲ့အခါ ဆစ်ဒူရဲ့ဘဝလည်း ပြောင်းလဲသွားပါတယ်။ ကုသမှုတွေ လုပ်ပေးပေမယ့် အမေက သတိပြန်မရလာဘူး။ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ အကြားအမြင်ဆရာတစ်ယောက်နဲ့ တွေ့ပြီး အမေပြန်ကောင်းလာဖို့ သူတောင်းစားအဖြစ် ၄၈ ရက်တိတိ နေရမယ်လို့ ဟောပြောခံရပါတယ်။ ဆစ်ဒူကလည်း အမေ့အတွက် အဲဒီအတိုင်း နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတောင်းစားဘဝနဲ့ နေထိုင်ရင်း လူတွေရဲ့သဘောသဘာဝနဲ့ အလိုလောဘတွေအကြောင်း သူသိလာရပါတယ်။ သူရင်ခုန်ရတဲ့ မိန်းကလေးတစ်ယောက်နဲ့လည်း တွေ့လာတယ်။ တစ်ချိန်တည်းမှာ သူ့ကုမ္ပဏီကို လုယူချင်တဲ့ ရန်သူတွေကပါ သူ့နောက်ကို လိုက်လာကြတော့ ဆစ်ဒူတစ်ယောက် အမေ့အတွက် ရွေးထားတဲ့လမ်းမှာ အခက်အခဲတွေ ထပ်ကြုံလာရပါတယ်။
ဇာတ်လမ်းအကြောင်း