ဇာတ်ကားများ ရွေးရန်

Fractured

2019ဇာတ်ကားအမှတ် 6.7/10101 မိနစ်4K

Fractured (2019) IMDb Rating (6.5) ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ပရိသတ်တွေ အကြိုက်တွေ့မယ့် psychological thrillers ရုပ်ရှင်ကားပါ။ ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာသမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။ သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေ စတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့် သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ ဒါပေမယ့်ကုသနေရင်းနဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့..။ ဆေးရုံက ဘယ်လိုဆေးရုံမျိုးလဲ? ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ? ဖခင်ဖြစ်သူက သမီးနဲ့ဇနီးသည်ကို လိုက်လံရှာဖွေတဲ့အခါမှာဘယ်လိုဟာတွေဆက်လက်ကြုံတွေ့လာရမလဲဆိုတာ ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လုံးဝအကြိုက်တွေ့စေမှာပါ။ File size…(1.9 GB )/(840 MB) / (670 MB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Trasnlated by Aye Mon Kyaw

ဇာတ်လမ်းအကြောင်း