ဇာတ်ကားများ ရွေးရန်

Summerland

2020ဇာတ်ကားအမှတ် 7.6/10100 မိနစ်

ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထွက်တိုက်နေရတဲ့ ဖခင်တွေနဲ့ အစိုးရရုံးတွေမှာ အလုပ်လုပ်နေရတဲ့ မိခင်တွေဟာ သားသမီးတွေကို အချိန်ပြည့်ဂရုစိုက်ဖို့၊ လုံခြုံအောင်ထားဖို့ အခက်အခဲရှိနေကြပါတယ်။ ဒါကြောင့် ကလေးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေဆီ ပို့ပြီး လုံလုံခြုံခြုံ နေထိုင်ပညာသင်နိုင်အောင် လူမှုကူညီရေးအသင်းတွေက စီစဉ်ပေးကြတယ်။ သားသမီးမရှိတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အချိန်ပေးနိုင်သူတွေက ကလေးတွေကို တစ်နိုင်တစ်ပိုင် လက်ခံစောင့်ရှောက်ပေးကြပါတယ်။ အဲဒီလိုနဲ့ တစ်ယောက်တည်းနေတဲ့ စာရေးသူအမျိုးသမီးကြီးတစ်ယောက်ဆီ ကောင်လေးတစ်ယောက်ကို စောင့်ရှောက်ဖို့ တာဝန်ရောက်လာတယ်။ သူက အိမ်ထောင်မရှိဘဲ စာကိုပဲ တကုပ်ကုပ်ရေးနေတတ်သူပါ။ ဆက်ဆံရေးမပြေပြစ်လို့ ပတ်ဝန်းကျင်ကလူတွေကလည်း ရှောင်ကြတယ်။ သူ့ဆီမှာ ကလေးတစ်ယောက် လာနေရမယ်ဆိုတော့ မြို့ကလူတွေက ကောင်လေးအတွက် ဝိုင်းသနားနေကြပါတယ်။ ဒီအမျိုးသမီးဟာ သူချစ်ခဲ့တဲ့ အမျိုးသမီးရဲ့ စွန့်ခွာခြင်းကို ခံခဲ့ရပြီးနောက် တစ်ယောက်တည်းနေရတာကိုပဲ နှစ်သက်လာခဲ့သူပါ။ ဒါကြောင့် ကောင်လေးကို လက်မခံချင်ဘဲ ပြန်ပို့ဖို့သာ ကြံနေတယ်။ သူ့အတိတ်က အမျိုးသမီးချင်းအချစ်နဲ့အတူ တစ်ယောက်တည်းနေချင်တဲ့သူနဲ့ ကောင်လေးကြားမှာ ဖြစ်လာတဲ့ မေတ္တာသံယောဇဉ်ကို ဇာတ်လမ်းက ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း