From Me to You
ဆာဝါကို ကူရိုနုမာဟာ ဆံပင်ရှည်ချထားပြီး ရှက်ကြောက်တတ်တဲ့ မိန်းကလေးပါ။ Ring ထဲက သရဲမဆာဒါကိုနဲ့ တူတယ်ဆိုပြီး ငယ်ငယ်ကတည်းက အတန်းဖော်တွေက ဝေးဝေးရှောင်ကြတယ်။ အထက်တန်းရောက်လာတဲ့အထိ အဲဒီလိုပဲ ဖြစ်နေပေမယ့် အတန်းထဲမှာ လူချစ်လူခင်များတဲ့ ကာဇဲဟာယာကတော့ ဆာဝါကိုကို သူများတွေလို မဆက်ဆံဘဲ အမြဲဂရုစိုက်ကြင်နာပေးပါတယ်။ သူ့ကြောင့် ဆာဝါကိုမှာ သူငယ်ချင်းတွေ ရလာပြီး လိုချင်ခဲ့တဲ့ ကျောင်းသားဘဝလေးကို တဖြည်းဖြည်း ပိုင်ဆိုင်လာတယ်။ နှစ်ယောက်ကြားမှာ ခံစားချက်တွေ ကြီးထွားလာပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖွင့်ပြောနိုင်ဖို့တော့ လိုနေသေးတာပါ။ လူငယ်တွေရဲ့ ခင်မင်မှုနဲ့ အချစ်စိတ်ကို အခြေခံထားတဲ့ Kimi ni Todoke ရဲ့ ၂၀၁၀ လူသရုပ်ဆောင်ရုပ်ရှင်ဖြစ်ပြီး Mikako Tabe နဲ့ Haruma Miura တို့ ပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း