Doubt
စိန့်နီကိုးလပ်စ် ကတ်သလစ်စာသင်ကျောင်းမှာ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ အုပ်ချုပ်သူတစ်ယောက်ပါ။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်ရှိပြီး စည်းကမ်းတွေကို ဖြေလျှော့ကာ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပါတယ်။ ကျောင်းတစ်ကျောင်းတည်းမှာ ရှိနေပေမယ့် သူတို့နှစ်ယောက်ရဲ့ သဘောထားနဲ့ ချဉ်းကပ်ပုံက ကွာခြားနေပါတယ်။ တစ်နေ့ စစ်စတာဂျိမ်းစ်က ဖာသာဖလင်းဟာ ကျောင်းသားတစ်ယောက်ကို အထူးအရေးပေး ဆက်ဆံနေကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြလာတယ်။ ဘာကြောင့် ဒီလိုဆက်ဆံနေသလဲဆိုတာကိုတော့ သူတို့ သေချာမသိကြပါဘူး။ ဒါပေမယ့် အဲဒီမသေချာမှုကနေ စတင်ပြီး စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ဖာသာဖလင်းကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားလာပါတယ်။ John Patrick Shanley ရေးသားတဲ့ Doubt: A Parable ကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုနဲ့ အပြန်အလှန်ပြောစကားတွေကို အလေးထားတင်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း