Legacy Peak
ဂျေဆန်ဟာ မကြာခင် လက်ထပ်တော့မယ့် အမျိုးသမီးရဲ့ သားနဲ့သမီးတို့နဲ့ အဆင်ပြေချင်နေတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပါ။ သူတို့မိသားစု ခရစ်စမတ်အတူကျင်းပကြမယ့် အပန်းဖြေအိမ်ဆီကို ကလေးနှစ်ယောက်ခေါ်ပြီး လေယာဉ်နဲ့ ထွက်လာခဲ့ပါတယ်။ ကလေးတွေဆီမှာ မျက်နှာကောင်းရချင်လို့ စီစဉ်ခဲ့တဲ့ခရီးက မျှော်လင့်ထားသလို ဖြစ်မလာဘဲ လေယာဉ်ပျက်ကျပြီး သုံးယောက်သား လီဂေဆီတောင်ထိပ်နားက တောနက်ထဲ ရောက်သွားကြတယ်။ အခုတော့ ဂျေဆန်နဲ့ ကလေးနှစ်ယောက်ဟာ တောထဲက အခက်အခဲတွေကို အတူရင်ဆိုင်ကြရပါတယ်။ အဲဒီလို ရင်ဆိုင်ရင်း တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာကြသလို တစ်ယောက်ရဲ့စိတ်ရင်းကိုလည်း တစ်ယောက် မြင်လာရတယ်။ တောတွင်းစွန့်စားခန်းတွေကို လက်တွေ့ကြုံနိုင်တဲ့ အခြေအနေတွေနဲ့ တင်ပြထားပြီး သုံးယောက်ကြားက မေတ္တာနဲ့ အခက်အခဲတွေကို အတူဖြတ်သန်းကြပုံကို ပိုအလေးထားထားပါတယ်။
ဇာတ်လမ်းအကြောင်း