ဇာတ်ကားများ ရွေးရန်

Butch Cassidy and the Wild Bunch

2023ဇာတ်ကားအမှတ် 8.0/10106 မိနစ်

ကောင်းဘွိုင်ခေတ်မှာ ဇာတ်လမ်းတည်ထားပြီး Butch Cassidy က မိဘတွေရဲ့အိမ်ကို အကြွေးကြောင့် သိမ်းတော့မယ်ဆိုတဲ့သတင်း ကြားလိုက်ရပါတယ်။ အဲဒီနောက် သူငယ်ချင်းတစ်ယောက်နဲ့အတူ ဘဏ်ကို ဓားပြဝင်တိုက်ခဲ့တယ်။ ငါးနှစ်လောက်ကြာလာတဲ့အခါမှာတော့ သူဟာ နာမည်ကြီးဓားပြတစ်ယောက် ဖြစ်နေပါပြီ။ ရထားတစ်စီးကို ဓားပြတိုက်ရာမှာ လက်မှတ်ဖြတ်တဲ့သူကို ရုတ်တရက် သတ်မိသွားရာကနေ သူ့နောက်ကို Pinkertons အဖွဲ့က စုံထောက်တွေ လိုက်လာကြတယ်။ အခုတော့ Butch Cassidy တစ်ယောက် ဓားပြမှုတွေအပြင် သူ့ကို လိုက်လံရှာဖွေနေတဲ့ စုံထောက်တွေနဲ့ပါ ရင်ဆိုင်ရတော့မှာပါ။ Butch Cassidy အဖြစ် Ross Jirgl နဲ့ Charles Siringo အဖြစ် Jeffrey Combs တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း