Detective Dee and Deep Sea Dragon Palace
သက္ကရာဇ် ၆၈၈ ခုနှစ်မှာ တထန်ပြည်ကြီးဟာ ဆယ်လကြာ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရပါတယ်။ မိုးခေါ်ဆုတောင်းပွဲ ကျင်းပဖို့ ဝူကျယ်ထျန်းက ကွေးရွှီးတိုင်းပြည်ဆီက နဂါးပုလဲကို ဆက်သခိုင်းလိုက်တယ်။ ဒါပေမယ့် ပုလဲကို ပင်လယ်ရေကြောင်းကနေ ပို့ဆောင်လာချိန်မှာ ရေသူမျိုးနွယ်တွေ ရုတ်တရက်ပေါ်လာပြီး အစောင့်တပ်သားတွေကို သတ်ဖြတ်ကာ ပုလဲကို လုယူသွားကြပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီက ချစ်ရသူကို ဆုံးရှုံးထားရလို့ အသည်းကွဲပြီး ဆောင်ကြာမြိုင်မှာ သေရည်သောက်ရင်း လေလွင့်နေသူပါ။ မိဖုရားကြီးက ပျောက်နေတဲ့ နဂါးပုလဲကို ပြန်ရှာဖို့ သူ့ကို အချိန်သုံးရက်ပဲ ပေးလိုက်ပါတယ်။ ဒီအမှုကို လိုက်ရချိန်မှာပဲ ဆုတောင်းပွဲအတွက် ကွေးရွှီးက ရောက်လာတဲ့ သူတော်စင်မလေးဟာ သူ့ချစ်ရသူနဲ့ ရုပ်ချင်းအလွန်တူနေတာကို တွေ့လိုက်ရတယ်။ သုံးရက်အတွင်း ပုလဲကို ဘယ်လိုပြန်ရှာမလဲ၊ ရေသူမျိုးနွယ်တွေရဲ့နောက်ကွယ်မှာ ဘယ်လိုအမှန်တရားတွေ ရှိနေမလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ စုံထောက်ကြီးဒီ အမှုစုံစမ်းရပါတော့တယ်။
ဇာတ်လမ်းအကြောင်း