42
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးလို့ အမေရိကန်စစ်သားတွေ နေရပ်ပြန်လာကြချိန်မှာ သူတို့ထဲက အာဖရိကန်-အမေရိကန်တွေအတွက် လူမျိုးရေးခွဲခြားမှုက စောင့်ကြိုနေပါတယ်။ နာဇီတွေရဲ့ လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်ခဲ့ကြပေမယ့် ကိုယ့်နိုင်ငံမှာတော့ လူဖြူတွေနဲ့ အိမ်သာ၊ ရေချိုးခန်း အတူသုံးခွင့်မရတာ၊ ဟိုတယ်မှာ တည်းခိုခွင့်မရတာမျိုးတွေကို ရင်ဆိုင်နေကြရတယ်။ ဘေ့စ်ဘောလောကမှာလည်း ဒီခွဲခြားမှုတွေ ရှိနေပါတယ်။ ၁၉၄၆ ခုနှစ်မှာ စာရင်းဝင်ဘေ့စ်ဘောအသင်း ၁၆ သင်းနဲ့ ကစားသမား ၄၀၀ ရှိပြီး အားလုံးက လူဖြူတွေချည်းပါပဲ။ ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းပိုင်ရှင် မစ္စတာရစ်ကီက လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို အသင်းထဲ ခေါ်ယူလိုက်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ရစ်ကီဟာ ကန့်ကွက်သူအများအပြားနဲ့ ရင်ဆိုင်ရသလို ကျောနံပါတ် ၄၂ ဝတ်တဲ့ ဂျက်ကီလည်း ကွင်းထဲမှာရော ကွင်းပြင်မှာပါ ခွဲခြားဆက်ဆံခံရပြီး ခြိမ်းခြောက်စာတွေ ရလာပါတယ်။ အဲဒီလိုဖိအားတွေကြားမှာ သူတို့ဟာ ကြံ့ကြံ့ခံပြီး အနိုင်ရဖို့ ကြိုးစားကြတယ်။ Chadwick Boseman ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအားကစားဒရာမာမှာ ဂျက်ကီတို့ရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ ဘေ့စ်ဘောလောကထဲက လူမျိုးရေးခွဲခြားမှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း