ဇာတ်ကားများ ရွေးရန်

Noble Intentions

2023ဇာတ်ကားအမှတ် 6.0/10108 မိနစ်

အသက် ၁၈ နှစ်အရွယ် နိုဘယ်က အဖေဆုံးသွားပြီးနောက် အမေနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးပါ။ ကင်ဆာရောဂါခံစားနေရတဲ့ အမေ့ကို ဆေးကုဖို့ ငွေအများကြီး လိုလာတဲ့အခါ ငွေရှာနိုင်မယ့်နည်းလမ်းတွေကို သူ လိုက်စဉ်းစားရတော့တယ်။ သူ့နာမည်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမယ့် အမေ့ဆေးဖိုးအတွက် ရှာတွေ့လာတဲ့အလုပ်ကတော့ နာမည်နဲ့ မလိုက်ဖက်လှပါဘူး။ အစမှာ ချီတုံချတုံဖြစ်နေခဲ့ပေမယ့် တခြားရွေးချယ်စရာ မရှိတော့တဲ့အခါ အရင်က တစ်ခါမှ မစဉ်းစားဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အကြောင်းပြချက်ကြီးကြီးမားမား မရှိဘဲနဲ့တောင် လူတစ်ယောက်ကို ဒုက္ခပေးဖို့ ဝန်မလေးကြသူတွေရှိတဲ့ တရားမဝင်လောကထဲ နိုဘယ် ဝင်ရောက်ပတ်သက်သွားတယ်။ ငွေဝင်လွယ်သလောက် အန္တရာယ်လည်းများတဲ့ ဒီလောကမှာ သူ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ ပြန်ရုန်းထွက်နိုင်ပါ့မလား။ ဆေးဖိုးရပြီး အမေနေကောင်းလာစေချင်တဲ့ သူ့ရည်ရွယ်ချက်ကရော ပြည့်ဝလာပါ့မလား။

ဇာတ်လမ်းအကြောင်း