The Blessing Bracelet
ဒေါင်းန်က ကွာရှင်းထားပြီး သားတစ်ယောက်ကို ပြုစုပျိုးထောင်ရင်း ဘဝကို ကြိုးကြိုးစားစား ဖြတ်သန်းနေတဲ့ မိခင်တစ်ယောက်ပါ။ တက်ကြွပြီး အကောင်းမြင်တတ်သလို အလုပ်မှာလည်း အလေးထားခံရသူဖြစ်ပေမယ့် သူများမသိတဲ့ ငွေကြေးပြဿနာတွေ ရှိနေပါတယ်။ ခင်ပွန်းဟောင်းထားခဲ့တဲ့ အကြွေးတွေကို ဒိုင်ခံဆပ်နေရတာကြောင့် အလုပ်တစ်ခုတည်းက ဝင်ငွေနဲ့ မလုံလောက်တော့ဘူး။ ဒုတိယအလုပ် ထပ်ရှာနေတုန်းမှာပဲ အိမ်က အပေါင်ဆုံးတော့မယ့် အခြေအနေ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဒေါင်းန်က အထက်တန်းကျောင်း နောက်ဆုံးနှစ်တုန်းက သူလုပ်ခဲ့တဲ့ ပုတီးစေ့လက်ကောက်လေးတွေကို ပြန်သတိရသွားတယ်။ ခက်ခဲတဲ့နေ့တွေမှာ ကိုယ့်ဘဝထဲ ရရှိခဲ့ဖူးတဲ့ ကောင်းချီးတွေကို ပြန်အမှတ်ရပြီး ကျေးဇူးတင်တတ်ဖို့ ကူညီပေးခဲ့တဲ့ လက်ကောက်လေးတွေပါ။ အခုတစ်ကြိမ်မှာတော့ ဒီလက်ကောက်တွေက သူ့ဘဝထဲ ဘယ်လိုကောင်းချီးတွေ ပြန်ယူလာပေးမလဲ၊ ခွေးချစ်သူ အေဒမ်ကရော သူ့ဘဝထဲ ဘယ်လိုရောက်လာမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ဒေါင်းန်နဲ့ အေဒမ်တို့ကြား ဖြစ်ပေါ်လာမယ့် အချစ်ဇာတ်လမ်းမှာ Amanda Schull နဲ့ Carlo Marks တို့ အဓိကသရုပ်ဆောင်ထားပါတယ်။ ဇာတ်ဝင်တေးအေးအေးလေးတွေ ပါဝင်ပြီး အဲဒီအထဲမှာ Hope ဆိုတဲ့ သီချင်းလည်း ပါပါတယ်။
ဇာတ်လမ်းအကြောင်း