ဇာတ်ကားများ ရွေးရန်

American Honey

2016ဇာတ်ကားအမှတ် 6.8/10163 မိနစ်

စတားဆိုတဲ့ ကောင်မလေးက ကိုယ့်ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းပေးနေရပြီး သူ့ကို အမြဲလိင်ပိုင်းဆိုင်ရာ စော်ကားနေတဲ့ ဖခင်နဲ့အတူ နေထိုင်နေရပါတယ်။ တစ်ရက် အိမ်ပြန်ဖို့ ကားတားနေတုန်း ဂျိတ်တို့အဖွဲ့နဲ့ ဆုံတယ်။ စူပါမားကတ်ထဲမှာ ဂျိတ် ကျကျန်ခဲ့တဲ့ဖုန်းကို လိုက်ပြန်ပေးရာကနေ ဂျိတ်က သူတို့ရဲ့ မဂ္ဂဇင်းရောင်းတဲ့အဖွဲ့မှာ အလုပ်သွင်းပေးလိုက်ပါတယ်။ ဒီလိုနဲ့ စတားဟာ အရောင်းအဖွဲ့နဲ့အတူ ကန်းဆက်မြို့ဆီ လိုက်သွားပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားလာတယ်။ လမ်းတစ်လျှောက် မဂ္ဂဇင်းရောင်းရင်း ကိုယ့်ဘဝလမ်းကြောင်းကို ကိုယ်တိုင်ပုံဖော်ဖို့ ဆုံးဖြတ်ထားပေမယ့် စိန်ခေါ်မှုတွေကလည်း မနည်းပါဘူး။ ပျော်ရွှင်ရတဲ့အချိန်တွေ၊ စိတ်ပျက်ရတာတွေ၊ ခင်မင်မှုတွေနဲ့ ဝယ်သူတွေဆီက ကြုံရတဲ့ အန္တရာယ်တွေကြားမှာ သူ ဆက်ရှင်သန်ရတယ်။ အိမ်ကထွက်လာပြီးနောက် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့အတူ လူငယ်တစ်ယောက်ရဲ့ စူးစမ်းလိုစိတ်၊ စွန့်စားချင်စိတ်နဲ့ အိပ်မက်နောက်လိုက်တဲ့ ခရီးကို ပြထားပါတယ်။ ၂၀၁၆ ခုနှစ်ထွက် ဒီဇာတ်ကားမှာ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့ အဓိကပါဝင်ထားပါတယ်။ အကြိမ် ၇၀ မြောက် BAFTA မှာ အကောင်းဆုံး British Film ဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပြီး ၂၀၁၆ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း Palme d’Or ဆုအတွက် ရွေးချယ်ခံခဲ့ရသလို Jury Prize ကို ရရှိခဲ့ပါတယ်။ အဖော်အချွတ်၊ မူးယစ်ဆေးသုံးစွဲမှုနဲ့ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း