After Masks
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ကာလမှာ အိမ်ထဲနေကြရသူတွေရဲ့ ဘဝကို ရှုထောင့်အမျိုးမျိုးကနေ ပြောပြထားတဲ့ ရုပ်ရှင်ပါ။ တစ်ယောက်နဲ့တစ်ယောက် ကြုံရတဲ့အခက်အခဲ မတူကြသလို အထီးကျန်မှု၊ ပြဿနာတွေနဲ့ စိတ်ထွက်ပေါက်ရှာပုံတွေလည်း မတူကြပါဘူး။ အလုပ်မှာ ကြိုးစားရုန်းကန်နေပေမယ့် အဆင်မပြေတဲ့ အမျိုးသမီးတစ်ဦး၊ လူမည်းတွေ နှိမ့်ချခံရမှုနဲ့ Black Lives Matter အကြောင်းကို ဖော်ပြချင်တဲ့ လူမည်းအမျိုးသမီးတစ်ဦး၊ အရက်မူးရင်း အချိန်ကုန်နေသူတစ်ဦးတို့ ပါဝင်ပါတယ်။ ဘာသာရေးနဲ့ ဖြတ်သန်းနေတဲ့ ဂျူးအမျိုးသမီး၊ ခင်ပွန်းဆုံးရှုံးထားလို့ ပူပင်သောကရောက်နေတဲ့ ဇနီးသည်၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေကြတဲ့ လူငယ်တွေနဲ့ စုံတွဲတွေရဲ့ အတွေ့အကြုံတွေကိုလည်း တွဲဖက်တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း