ဇာတ်ကားများ ရွေးရန်

The Messenger

2019ဇာတ်ကားအမှတ် 6.1/10114 မိနစ်

၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီက ပိုလန်ကို ကျူးကျော်ပြီး ဒုတိယကမ္ဘာစစ် စတင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ စစ်စပြီး ငါးနှစ်အကြာ ပိုလန်နိုင်ငံရဲ့ အခြေအနေကို အခြေခံထားတာပါ။ ပိုလန်တပ်တွေ ပြန်လည်ခုခံခဲ့ပေမယ့် ဂျာမန်တွေရဲ့အင်အားကို မယှဉ်နိုင်ခဲ့ဘဲ အစိုးရကလည်း နိုင်ငံကနေ ထွက်ခွာပြီး လန်ဒန်မှာ နယ်နှင်ခံအစိုးရအဖြစ် အခြေစိုက်နေရပါတယ်။ နိုင်ငံအတွင်း ကျန်ခဲ့တဲ့ စစ်တပ်အချို့ကတော့ မြေအောက်အဖွဲ့အစည်းတွေ၊ အိမ်စောင့်စစ်တပ်တွေအဖြစ် တော်လှန်ဖို့အချိန်ကို စောင့်နေကြတယ်။ နိုင်ငံခြားမှာရှိတဲ့ အစိုးရနဲ့ ပြည်တွင်းကတပ်တွေကြား ဆက်သွယ်ဖို့ အထောက်တော်တွေ လိုလာပါတယ်။ သာမန်ကိစ္စတွေကို ကြေးနန်းနဲ့ ပေးပို့နိုင်ပေမယ့် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုတော့ အထောက်တော်တွေက ဂျာမန်သိမ်းပိုက်ထားတဲ့ နိုင်ငံထဲ ခိုးဝင်ခိုးထွက်လုပ်ပြီး သယ်ပို့ပေးရတာပါ။ ဂျာမဏီနဲ့ ဆိုဗီယက်တို့ကြားမှာလည်း ပိုလန်ကို ခွဲဝေယူဖို့ လျှို့ဝှက်သဘောတူညီချက် ရှိခဲ့ပါတယ်။ ဆိုဗီယက်တွေပါ ကျူးကျော်လာတဲ့အခါ ပိုလန်ဘက်က ဘယ်သူ့ကို အရင်တိုက်ရမလဲ၊ ဘယ်သူ့ဆီ အကူအညီတောင်းရမလဲဆိုတာ ရွေးချယ်ရခက်လာတယ်။ မဟာမိတ်တပ်တွေကလည်း အခြားစစ်မျက်နှာတွေကို ပိုအာရုံစိုက်နေကြပါတယ်။ ဒီလိုစစ်ရေး၊ နိုင်ငံရေး ရှုပ်ထွေးနေတဲ့ကြားမှာ အိမ်စောင့်စစ်တပ်နဲ့ နယ်နှင်ခံအစိုးရကြား သတင်းရောက်အောင် အထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးကြသလဲ၊ ပိုလန်တွေ ဘယ်လိုတော်လှန်ကြသလဲဆိုတာကို တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း