ဇာတ်ကားများ ရွေးရန်

The Host

2013ဇာတ်ကားအမှတ် 6.3/10125 မိနစ်

ဂြိုဟ်သားတွေက ကမ္ဘာကို ကျူးကျော်လာပေမယ့် လက်နက်တွေနဲ့ တိုက်ခိုက်ကြတာ မဟုတ်ပါဘူး။ လူတွေရဲ့ခန္ဓာကိုယ်ကို အပိုင်စီးပြီး လူသားတွေအဖြစ်ပဲ ဆက်နေထိုင်ကြတာပါ။ ခန္ဓာကိုယ်တင်မကဘဲ ဦးနှောက်နဲ့ မှတ်ဉာဏ်တွေကိုပါ သိမ်းယူဖျက်ဆီးကြတဲ့အတွက် ပြန်လည်တွန်းလှန်ဖို့လည်း မလွယ်ကူဘူး။ ခုခံသူတွေကိုတော့ သတ်ပစ်ကြပါတယ်။ အဲဒီလို ခုခံနေသူတွေထဲမှာ မယ်လနီဆိုတဲ့ မိန်းကလေးလည်း ပါဝင်တယ်။ တစ်နေ့မှာ သူ့ခန္ဓာကိုယ်ကိုပါ ဂြိုဟ်သားတစ်ဦးက အပိုင်စီးလိုက်တဲ့အခါ မယ်လနီ ဘာဆက်ကြုံရမလဲ။ Saoirse Ronan ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း