ဇာတ်ကားများ ရွေးရန်

Guardians of the Galaxy

2014ဇာတ်ကားအမှတ် 7.9/10121 မိနစ်4K

Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man 3 (2013) Thor: The Dark World (2013) Captain America: The Winter Soldier (2014) Guardians of the Galaxy (2014) Avengers: Age of Ultron (2015) Ant-Man (2015) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့  https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Guardians of the Galaxy (2014) IMDb Rating (8.0) / Rotten Tomatoes (92 %) "Guardians of the Galaxy" (2014) သည် Marvel Cinematic Universe (MCU) Phase 2 ရဲ့ စတုတ္ထမြောက် ဇာတ်ကားဖြစ်ပြီး၊ MCU စကြာဝဠာထဲက တခြားကမ္ဘာတွေအကြောင်းအကျယ်တပြန့်မိတ်ဆက်ထားပါတယ်။ Peter Quill (Star-Lord) ရဲ့ ဇာတ်လမ်းကို ဗဟိုပြုထားပြီး Peter ဟာ ကမ္ဘာမြေကနေ စကြဝဠာထဲကို ရောက်ရှိသွားပြီး၊ သူဟာ တခြားဂြိုဟ်သားတွေနဲ့ပူးပေါင်းပြီး၊ Guardians of the Galaxy အဖွဲ့ကို ဖွဲ့စည်းကြပါတယ်။ ဒီဇာတ်ကားထဲမှာ MCU ရဲအဓိက ဗီလိန်ဖြစ်တဲ့ Thanos အကြောင်းကို ပထမဆုံး အသေးစိတ် မိတ်ဆက်ထားပြီး Thanos ဟာ Ronan ကို Power Stone ကို ရယူဖို့ စေခိုင်းလိုက်တာကနေ Ronan ဟာ Xandar ဂြိုဟ်ကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါမှာတော့ စကြာဝဠာစောင့်ရှောက်သူအဖွဲ့ဖြစ်တဲ့ ပီတာတို့အုပ်စုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။ Budget $232.3 million million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $773.4 million ထိပြန်လည်ရရှိခဲ့ပါတယ်။ File size…(5.1 GB)/ (2.5 GB )/(1.5 GB) Quality…BluRay IMAX 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….02:01:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Tariq

ဇာတ်လမ်းအကြောင်း