The Crucible
အက်ဘီဂေးဝီလီယမ်နဲ့ မိန်းကလေးတစ်စုဟာ ကိုယ်တစ်ဖက်သတ်ချစ်နေတဲ့ ယောက်ျားတွေရဲ့အချစ်ကို ရချင်လို့ တောထဲမှာ ဂါထာရွတ်ပြီး ကခုန်နေကြပါတယ်။ အဲဒီအချိန် ခရစ်ယာန်ဘုန်းတော်ကြီး ပါးရစ်က သူ့တူမ အက်ဘီဂေးနဲ့ သမီး ဘတ်တီတို့ကို တွေ့သွားတယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်လန့်ပြီး မေ့လဲသွားရာကနေ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်း တစ်ရွာလုံး ပျံ့သွားပါတော့တယ်။ အက်ဘီဂေးက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အိမ်ထောင်သည် ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားလာတယ်။ သူနဲ့ တခြားမိန်းကလေးတွေက စေတန်လက်က လွတ်လာသူတွေဖြစ်လို့ စေတန်နဲ့ ပတ်သက်နေသူတွေကို သိတယ်လို့ ပြောကြတဲ့အခါ ဆေလန်က လူတွေလည်း အက်ဘီဂေးရဲ့ စကားတွေနောက် ပါသွားကြပါတယ်။ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ခဲ့တဲ့ ဆေလန်ဖြစ်ရပ်ကို ကျောရိုးယူပြီး အယူသီးမှုရဲ့ အကျိုးဆက်တွေကို တင်ဆက်ထားတာပါ။ Arthur Miller က ၁၉၅၃ ခုနှစ်မှာ ရေးသားခဲ့တဲ့ The Crucible ပြဇာတ်ကို ဒါရိုက်တာ Nicholas Hytner က ၁၉၉၆ ခုနှစ်မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း