ဇာတ်ကားများ ရွေးရန်

The Theory of Everything

2014ဇာတ်ကားအမှတ် 7.9/10123 မိနစ်

The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80% ဒီဘက်​ခေတ်​ရဲ့ အကြီး​ကျယ်​အခမ်းနားဆုံး သိပ္ပံပညာ​ရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen​ Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက​ Hawking ရဲ့ တက္ကသိုလ်​ကျောင်းသားဘဝကစလို့ နာမည်​ကျော်​သိပ္ပံပညာ​ရှင်ဖြစ်​လာတဲ့အထိ သူ့ရဲ့​ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking​ အဖြစ်​သရုပ်ဆောင်​ထားတဲ့ Eddie Redmayne က ဒီ​ဇာတ်​ကားနဲ့ပဲ အော်​စကာဆုကိုရရှိခဲ့ပါတယ်။ Stephen Hawking​ ရဲ့ Biopic ရုပ်ရှင်​ဖြစ်ပေမဲ့ နားလည်​ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum​ တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီး​ဖြစ်သူ​ Jane တို့အကြားက ချစ်​ခြင်း​မေတ္တာ​တရားတွေ၊ သံယောဇဉ်​အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking​ ခံစား​နေရတဲ့ Motor Neuron ရောဂါ​ကို နှစ်​ဦး​သား​အတူရင်ဆိုင်ပြီး ဘဝကို​ရှင်သန်​ရှာဖွေခဲ့ကြပုံကို တင်ဆက်​ထားတဲ့ ကြည်​နူး​ဆွတ်ပျံ့​ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဇာတ်လမ်း​အစကိုတော့ ၁၉၆၃ ခုနှစ်​မှာ Cambridge တက္ကသိုလ်​ကို Hawking​ စတင်​ရောက်ရှိပြီး ဇနီး​ဖြစ်လာမဲ့ Jane နဲ့တွေ့ခဲ့ကြတာကနေ အစပြုထားပါတယ်။ တစ်​ခေတ်​မှာ​တစ်ယောက်​ဆိုလောက်အောင် ဥာဏ်​ကြီးသူဖြစ်ပြီး အလား​အလယ်ကောင်းများစွာရှိနေတဲ့ Hawking​ ဟာ အသက်​၂၁ နှစ်မှာ Motor Neuron​ လို့ခေါ်တဲ့ ကြွက်သား​ဆွေး​မြည့်တဲ့ရောဂါဆန်းတစ်မျိုး​ကို ခံစားရပြီး ၂နှစ်​ထက်ပိုပြီး အသက်​ရှင်​မှာမဟုတ်​ဘူးလို့ ဆရာဝန်​က မှတ်ချက်​ပေးခဲ့ပေမဲ့ Jane က သူ့ကို​လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို​နဲ့​ နှစ်​ယောက်​သား ဘဝရဲ့အချိုးအကွေ့တွေကို အတူရင်ဆိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ၂၀၁၄ ခုနှစ်​ရဲ့ အကောင်း​ဆုံး​ရုပ်ရှင်​ကားတွေ​ထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားမှာ အဓိကချီးကျူးရမှာက Stephen Hawking​ အဖြစ်​သရုပ်ဆောင်တဲ့ Eddie Redmayne​ ရဲ့ performance အပြင်​ Cinematography နဲ့ နောက်​ခံတေးဂီတလို့မြင်ပါတယ်။ ဒီရုပ်ရှင်​ကို ရိုက်ကူး​ခဲ့သူ James Marsh ကို Stephen Hawking ကိုယ်​တိုင်​က Eddie Redmayne​ ရဲ့​သရုပ်​ဆောင်​မှုကိုကြည့်ပြီး သူ့ကိုယ်သူ​ပြန်​ကြည့်နေသလို ခံစား​မိတယ်လို့ အီးမေးလ်ပို့ပြီးဂုဏ်ပြုခဲ့ပါသေးတယ်။ ရုပ်ရှင်​ရဲ့ခေါင်းစဥ်ကို Theory​ of Everything​ လို့ပေးထားတာနဲ့ပတ်သက်လို့ အကြောင်း​ရင်း​နှစ်ခုရှိမယ်လို့ထင်ပါတယ်။ ဇာတ်လမ်း​ထဲမှာ ရှင်း​ပြထား​သလို​ ရူပဗေဒရဲ့ အရေး​ကြီး​ဆုံး​ထောက်တိုင်နှစ်ခုက General Relativity နဲ့ Quantum Theory ဖြစ်​ပါတယ်။ General Relativity က အလွန်​ကြီးမား​တဲ့ဝတ္တုတွေဖြစ်တဲ့ ဂြိုလ်၊ကြယ်နဲ့ Galaxy တွေအပေါ်ပြဌာန်းပြီး Quantum​ က အလွန်​သေးငယ်တဲ့ အီလက်ထရွန်၊ ဖိုတွန်နဲ့ အခြေခံ​အမှုန်​တွေအပေါ် စိုးမိုးပါတယ်။ သီအိုရီနှစ်ခုက အခြေခံ​စည်းမျဥ်း​အားဖြင့် တစ်ခုကို​တစ်ခု ဆန့်ကျင်​သလိုဖြစ်နေတဲ့အတွက် သီအိုရီနှစ်ခုစလုံးကိုသုံးပြီး စကြဝဠာ​ဖြစ်​စဥ်​တွေ​ကိုရှင်းပြဖို့ကြိုးစားတဲ့နေရာမှာ အခက်အခဲ​တွေရှိလာတဲ့အတွက် ဒီသီအိုရီ​နှစ်ခု​ကိုပေါင်းစည်းပြီး လောကရဲ့ဖြစ်စဥ်အားလုံးကိုရှင်းပြနိုင်မဲ့ Theory​ of Everything​ ကိုရှာတွေ့ဖို့က Hawking​ အပါအဝင်​ ရူပဗေဒပညာရှင်တိုင်းရဲ့အိပ်မက်ဖြစ်ပါတယ်။ ဒီသီအိုရီ​ရှာတွေ့ပြီးရင် Physics မှာ ရှာဖွေစရာကုန်ပြီလို့တောင် ပြောကြပါတယ်။ ဒါကြောင့်​ ရုပ်ရှင်​ကိုဒီခေါင်းစဥ်ပေးထားတာဖြစ်နိုင်သလို ဒုတိယ​တစ်​ချက်က​ Stephen ရင်​ဆိုင်​နေရတဲ့ ရောဂါ​က တစ်နေ့တခြားဆိုးရွား​လာရာကနေ ဇနီး​ဖြစ်သူ​နဲ့ မိသားစု​အကြား​ ပဋိပက္ခ​တွေမြင့်တက်လာပြီး သူရှင်သန်နေရတဲ့ဘဝရဲ့ အဓိပ္ပာယ်​သီအိုရီ​ကိုလည်း တစ်ချိန်​တည်းမှာ ရှာဖွေ​နေခဲ့ရပုံကို ရည်ညွှန်း​ထားတာ​လည်းဖြစ်နိုင်ပါတယ်။ File size…(2.4 GB) / (1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wolfenheim

ဇာတ်လမ်းအကြောင်း