ဇာတ်ကားများ ရွေးရန်

Sea of Time

2022ဇာတ်ကားအမှတ် 6.6/10116 မိနစ်

၁၉၈၀ ပြည့်နှစ်တွေမှာ ယိုဟန်နာနဲ့ လူးကပ်စ်တို့ဟာ သားလေးကိုင်ကို ခေါ်ပြီး ရွက်လွှင့်အပျော်ခရီး ထွက်လာကြပါတယ်။ ပင်လယ်ပြင်ကြီးထဲမှာ မိသားစုသုံးယောက် ပျော်ပျော်ရွှင်ရွှင် ခရီးသွားနေရာက တစ်နေ့ သားလေး ပင်လယ်ထဲ ပျောက်ဆုံးသွားခဲ့တယ်။ အဲဒီနေ့ကစပြီး သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ နေကြရပါတယ်။ လူးကပ်စ်က နာကျင်ရလွန်းလို့ အဲဒီဖြစ်ရပ်ကို မေ့ထားချင်ပေမယ့် ယိုဟန်နာကတော့ သားလေးအကြောင်းကိုပဲ မေ့မရဖြစ်နေတယ်။ အဲဒီကွာခြားမှုကြောင့် ကတောက်ကဆဖြစ်ရာကနေ ဝေးကွာသွားကြပြီး ၃၅ နှစ်ကြာမှ ပြန်တွေ့ရတဲ့အခါ နှစ်ယောက်လုံးမှာ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်နေကြပါပြီ။ သားလေးကို သတိရနေဆဲဖြစ်သလို တစ်ယောက်အပေါ်တစ်ယောက် ချစ်ခြင်းတွေလည်း ကျန်နေသေးတယ်။ ကြာမြင့်ခဲ့တဲ့အချိန်က သူတို့ရဲ့ဆုံးရှုံးမှုကို ကုစားပေးနိုင်ခဲ့သလားဆိုတာကို ပြန်လည်ဆုံတွေ့မှုနဲ့အတူ ပြောထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဒရမ်မာပါ။

ဇာတ်လမ်းအကြောင်း