Masaan
ဒေဝီပတားက်က ကွန်ပျူတာဆရာမတစ်ယောက်ဖြစ်ပြီး တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟိုတယ်တစ်ခုမှာ ချိန်းတွေ့လေ့ရှိပါတယ်။ တစ်နေ့ ဟိုတယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်လို့ ရဲတွေ ရောက်လာတဲ့အခါ ပီးရူးရှ်က အဖမ်းခံရမှာကြောက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ကာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားပါတယ်။ အဲဒီနောက် ရဲက ဒေဝီ့အဖေဆီက ရူပီသုံးသိန်း တောင်းလာတယ်။ ဒေဝီက ပီးရူးရှ်ကို ကိုယ့်အသက်ကိုယ် အဆုံးစီရင်အောင် အကျပ်ကိုင်ခဲ့တယ်ဆိုတဲ့ သတင်း မပြန့်စေချင်ရင် ငွေပေးရမယ်လို့ ခြိမ်းခြောက်တာပါ။ ဝင်ငွေကောင်းကောင်းမရှိတဲ့ သားအဖနှစ်ယောက် ဒီငွေကို ဘယ်လိုရှာကြမလဲ၊ နောက်ထပ် ဘယ်လိုအခက်အခဲတွေ ကြုံရဦးမလဲ။ အိန္ဒိယနိုင်ငံက ဇာတ်နိမ့်လူတန်းစားတွေရဲ့ လက်တွေ့ဘဝကို ယှဉ်တွဲဖော်ပြထားတဲ့ အချစ်ဒရာမာဖြစ်ပြီး ဗစ်ကီကောရှလ်နဲ့ ရစ်ချကျန်ဒါတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း