The Fault in Our Stars
ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေရတဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေ အချင်းချင်း အားပေးနှစ်သိမ့်ကြတဲ့အဖွဲ့မှာ အောဂတ်စ်တက်နဲ့ သိကျွမ်းလာပါတယ်။ သူလည်း ကင်ဆာဝေဒနာသည် ဆယ်ကျော်သက်တစ်ယောက်ပါပဲ။ စတွေ့ကတည်းက ဒီနှစ်ယောက်ကြား အမြင်မတူတဲ့အကြောင်းတစ်ခု ရှိနေတယ်။ အောဂတ်စ်တက်က သေဆုံးပြီးတဲ့နောက် လူတွေမေ့သွားမှာကို ကြောက်ပြီး လူသန်းပေါင်းများစွာ အမှတ်ရနေမယ့် အရေးပါတဲ့သူ၊ သူရဲကောင်းတစ်ယောက်အဖြစ် ရှင်သန်ချင်နေပါတယ်။ ဟေဇယ်ကတော့ တစ်နေ့မှာ လူအားလုံး ပျောက်ကွယ်သွားကြရမှာမို့ အဲဒီအကြောင်းကို ကြောက်နေရင် ဥပေက္ခာပြုထားဖို့ပဲ တွေးတယ်။ လူတိုင်းက အမှတ်ရနေဖို့ထက် တစ်ယောက်ယောက်က ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီလို့ သူက ယူဆထားတာပါ။ တစ်နေ့မှာ ဟေဇယ်အကြိုက်ဆုံးစာအုပ် An Imperial Affliction ကို ရေးခဲ့တဲ့ စာရေးဆရာဆီက ဖိတ်ခေါ်မှုရလာတယ်။ သူမေးချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးဖို့ အမ်စတာဒမ်ကို ဖိတ်လိုက်တာဖြစ်ပေမယ့် မိဘတွေက ဒီခရီးအတွက် ငွေမတတ်နိုင်ကြဘူး။ အသက်အန္တရာယ်ရှိတဲ့ ရောဂါခံစားနေရတဲ့ ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဂျင်းနီဖောင်ဒေးရှင်းမှာလည်း ဟေဇယ်က အသက် ၁၃ နှစ်ကတည်းက ဆန္ဒတောင်းခဲ့ပြီးသား ဖြစ်နေပါတယ်။ အဲဒီအခါ အောဂတ်စ်တက်က သူ့အတွက် ကျန်နေတဲ့ ဆန္ဒတောင်းဆိုခွင့်ကို ဟေဇယ်နဲ့အတူ စာရေးဆရာဆီသွားဖို့ အသုံးချလိုက်ရာက နှစ်ယောက်သားရဲ့ခရီး စတင်လာတယ်။ ၂၀၁၄ ခုနှစ်ထွက် အချစ်ဒရာမာဖြစ်ပြီး ဝမ်းနည်းစရာဇာတ်လမ်းတွေကို လှပအောင် ပြောပြလို့ရပေမယ့် တကယ့်ဘဝကတော့ အချစ်ဇာတ်လမ်းတွေထဲကလို အမြဲပြေလည်သွားတာမဟုတ်ဘူးဆိုတဲ့ ဟေဇယ်ရဲ့စကားနဲ့ အဖွင့်ထားပါတယ်။ ကိုယ်တိုင်ဘာအပြစ်မှ မလုပ်ခဲ့ဘဲ ဘဝရဲ့ခါးသီးမှုတွေကို ကြုံရတဲ့အခါ ကံကြမ္မာရဲ့အပြစ်လို့ ပြောနိုင်မလားဆိုတဲ့ မေးခွန်းလည်း ရှိနေတယ်။ ပျော်ရွှင်နေတဲ့အချိန်တွေမှာတောင် ဟေဇယ်ရဲ့နှာခေါင်းမှာ တပ်ထားရတဲ့ အောက်စီဂျင်ပိုက်က သူခံစားနေရတဲ့ ရောဂါကို သတိရစေပါတယ်။ ဇာတ်လမ်းထဲမှာ နှစ်ယောက်သား သွားလည်ကြတဲ့ Anne Frank House ကတော့ ဒုတိယကမ္ဘာစစ်အတွင်း အန်းဖရန့်ခ်ရဲ့မိသားစုနဲ့ တခြားလူလေးယောက် နာဇီတွေထံက ပုန်းခိုခဲ့တဲ့နေရာပါ။ အန်းဟာ စစ်အတွင်းမှာ သေဆုံးခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ ဒီအိမ်လေးလည်း ကမ္ဘာကျော်လာခဲ့တယ်။ ဇာတ်ကားမှာပါဝင်တဲ့ Omnis cellula e cellula ဆိုတာကတော့ ဆဲလ်အားလုံးဟာ ဆဲလ်တွေကနေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ သီအိုရီကို ရည်ညွှန်းတာပါ။ နောက်ထပ်ပါဝင်တဲ့ Trolley Problem ကတော့ Philippa Foot က ၁၉၆၇ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ လိမ့်ဆင်းလာတဲ့ ရထားလှည်းရဲ့လမ်းကြောင်းပေါ်မှာ လူငါးယောက်ကို မလှုပ်နိုင်အောင် ချည်ထားပြီး လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာဘေးမှာ လူတစ်ယောက်ရှိနေတယ်။ လီဗာဆွဲလိုက်ရင် အဲဒီလူငါးယောက်ကို ကယ်နိုင်ပေမယ့် ပြောင်းလိုက်တဲ့လမ်းပေါ်က လူတစ်ယောက် သေရမယ်။ ဘာမှမလုပ်ဘဲ လူငါးယောက်ကို အသေခံမလား၊ လမ်းကြောင်းပြောင်းပြီး တစ်ယောက်ကို အသေခံမလားဆိုတဲ့ ရွေးချယ်မှုမှာ ဘယ်ဟာက မှန်သလဲလို့ မေးထားတာပါ။
ဇာတ်လမ်းအကြောင်း