Home, Not Alone
Sara ဟာ ခင်ပွန်း Frank နဲ့ ကွာရှင်းပြီးနောက် အသက် ၁၈ နှစ်အရွယ် သမီး Jordyn နဲ့အတူ ဘဝသစ်စဖို့ အိမ်ကြီးတစ်အိမ် ဝယ်ပြီး ပြောင်းလာပါတယ်။ ဒါပေမယ့် အိမ်သစ်မှာ နေရင်း မထင်မှတ်ထားတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေ ဆက်တိုက်ကြုံလာရတယ်။ Sara ရဲ့သူငယ်ချင်း Lucy ကတော့ အိမ်မှာ တစ္ဆေရှိလို့ ခြောက်နေတာလို့ ပြောပေမယ့် အဲဒီလိုအကြောင်းတွေကို မယုံတတ်တဲ့ Sara အတွက် လက်ခံဖို့ခက်နေပါတယ်။ ဒီဖြစ်ရပ်တွေက တကယ်ပဲ တစ္ဆေခြောက်တာလား၊ သမီး Jordyn က မိခင်ကို ဆန္ဒပြတဲ့အနေနဲ့ လုပ်နေတာလားဆိုတာ မသေချာဘူး။ အရင်ခင်ပွန်း Frank က လိုက်နှောင့်ယှက်နေတာ ဖြစ်နိုင်သလို သူတို့မသိသေးတဲ့ တခြားအကြောင်းရင်းတစ်ခု ရှိနေမလားဆိုတာလည်း မေးခွန်းဖြစ်လာပါတယ်။
ဇာတ်လမ်းအကြောင်း