ဇာတ်ကားများ ရွေးရန်

Ice Age: A Mammoth Christmas

2011ဇာတ်ကားအမှတ် 6.4/1026 မိနစ်

ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက ​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကို ရှာဖို့ လုပ်ပါ​တော့တယ်။ သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့် မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့ ​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာ ဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။ File size…  655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

ဇာတ်လမ်းအကြောင်း