ဇာတ်ကားများ ရွေးရန်

Temptress Moon

1996ဇာတ်ကားအမှတ် 6.7/10130 မိနစ်

ပုရီနန်းစွန့်ပြီးနောက် ၁၉၁၂ ခုနှစ်မှာ ဇာတ်လမ်းစပါတယ်။ မင်းရိပ်မင်းရှိန် မကင်းသေးတဲ့ ဖန်းအိမ်တော်ရဲ့ ဘိုးဘေးနတ်ကွန်းထဲကို ကလေးမလေး ဖန်းယုရီ ကစားရင်းဝင်လာတာနဲ့ တစ်အိမ်လုံး ပွက်လောရိုက်သွားတယ်။ ဒီအိမ်မှာ ဖန်းယုရီအပြင် ဆွေမျိုးတော်စပ်လို့ လာနေကြတဲ့ ကလေးနှစ်ယောက်လည်း ရှိပါတယ်။ ကျန်းလိန်က ဖန်းယုရီအစ်ကိုရဲ့ ဇနီးမောင်ဖြစ်ပြီး သွမ့်ဝူကတော့ ဖန်းယုရီနဲ့ ဆွေမျိုးဝေးတော်တဲ့ အစ်ကိုဝမ်းကွဲပါ။ အိမ်တော်ရဲ့ အရိပ်အောက်မှာ ကြီးပြင်းရပေမယ့် သုံးယောက်စလုံးအတွက် ငယ်ဘဝက မသာယာခဲ့ဘူး။ ဖန်းယုရီက လူကြီးတွေကြောင့် ငယ်ငယ်ကတည်းက ဘိန်းစွဲနေတယ်။ ကျန်းလိန်ကလည်း ဘိန်းကြောင်နေတဲ့ ယောက်ဖက သူနဲ့သူ့အစ်မကို မဖွယ်မရာပြုခိုင်းခဲ့တာကြောင့် စိတ်ဒဏ်ရာရခဲ့တယ်။ သွမ့်ဝူကိုတော့ ဆွေမျိုးဝေးဆိုပြီး အစေခံတစ်ယောက်လို နှိမ်ချဆက်ဆံကြပါတယ်။ ယောက်ဖရဲ့ဒဏ်ကို မခံနိုင်တော့တဲ့ ကျန်းလိန်ဟာ ပီကင်းမှာ စာသင်ဖို့ အိမ်ကထွက်သွားပေမယ့် လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းထဲ ရောက်သွားတယ်။ ဖန်းယုရီကတော့ ဘိန်းစွဲနေတာကြောင့် စေ့စပ်ထားတဲ့ဘက်က အကြောင်းလမ်းကို ဖျက်လိုက်ပါတယ်။ သူတို့အရွယ်ရောက်လာချိန် ဖန်းသခင်ကြီး ကွယ်လွန်သွားပြီး အစ်ကိုဖြစ်သူကလည်း ဘိန်းဒဏ်နဲ့ နာလန်မထူနိုင်တော့တဲ့အခါ ဖန်းယုရီဟာ အိမ်တော်ကို ဦးဆောင်ရသူ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ကျန်းလိန်က ဖန်းအိမ်တော်ရဲ့ စည်းစိမ်တွေကို သိမ်းယူဖို့ အကြံနဲ့ ပြန်ရောက်လာပါတယ်။ ဒီရုပ်ရှင်မှာ ဖန်းယုရီအဖြစ် ဂေါင်လီ၊ ကျန်းလိန်အဖြစ် လတ်စလီချောင်တို့ သရုပ်ဆောင်ထားပြီး Farewell My Concubine အပြီး ဒါရိုက်တာ Chen Kaige နဲ့ ပြန်လက်တွဲထားကြတာပါ။ ကိန်းရုပ်ရှင်ပွဲတော်မှာ Palme d'Or ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုမရခဲ့ဘဲ တရုတ်ပြည်မှာလည်း ပြသခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ပုရီနန်းဆင်းပြီးနောက် တရုတ်ပြည်ထဲ အနောက်တိုင်းယဉ်ကျေးမှု စိမ့်ဝင်လာပုံကိုလည်း တစ်စွန်းတစ်စ ထည့်ပြထားပြီး ရုပ်ရှင်ဓာတ်ပုံကို Christopher Doyle က တာဝန်ယူထားပါတယ်။

ဇာတ်လမ်းအကြောင်း