Narvik
နော်ဝေနိုင်ငံက နားဗတ်မြို့ဟာ ကားလမ်း၊ ရထားလမ်းနဲ့ သင်္ဘောဆိပ်တွေရှိပြီး သံရိုင်းတင်ပို့ရာမှာ အရေးပါတဲ့ မြို့တစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင်ချိန်မှာ စစ်ထဲမပါလိုဘဲ ကြားနေမူဝါဒကို ကိုင်စွဲထားပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမနီတို့ရဲ့ အားပြိုင်မှုကြားမှာ စစ်ကို ရှောင်လွှဲမရတော့ပါဘူး။ ဒီရုပ်ရှင်က နားဗတ်တိုက်ပွဲကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ပြန်ရောက်လာတယ်။ အဲဒီညမှာပဲ ဂျာမန်တပ်တွေက မြို့ကိုသိမ်းပြီး နော်ဝေတပ်တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူးဗိုလ်မှူးက ဂန်နာအပါအဝင် လက်နက်မချလိုတဲ့ ရဲဘော်တွေကို စုစည်းပြီး မြို့အထွက်တံတားကို ဖောက်ခွဲကာ လမ်းပိတ်ဆို့ဖို့ ပြင်ဆင်တယ်။ ဒါပေမယ့် မြို့ထဲက ထွက်လာတဲ့ရထားပေါ်မှာ ဂန်နာရဲ့ ဇနီးနဲ့ကလေးအပြင် တခြားနော်ဝေလူမျိုးတွေလည်း ပါလာပါတယ်။ တံတားကို ဖောက်ခွဲဖို့ ပြင်ဆင်ထားတဲ့ သူတို့အတွက် အခက်တွေ့စရာ ဖြစ်လာပြီး ဒီအခြေအနေကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မြို့ကို ပြန်ရနိုင်မလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။
ဇာတ်လမ်းအကြောင်း