ဇာတ်ကားများ ရွေးရန်

Where's the Dragon?

2015ဇာတ်ကားအမှတ် 6.2/1097 မိနစ်

ရာသီခွင်နတ်မင်း ၁၂ ပါးထဲမှာ ဩဇာအကြီးဆုံးဖြစ်တဲ့ နဂါးမင်း ပျောက်ဆုံးသွားပါတယ်။ နဂါးမင်း ပျောက်နေတဲ့ နှစ်ပေါင်း ၅၀၀ လောက်အတွင်း လူ့လောကမှာလည်း ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ဖြစ်လာခဲ့တယ်။ နဂါးနဲ့ ဇာမဏီက တစ်ယောက်ကိုတစ်ယောက် သဘောကျနေကြသူတွေဖြစ်ပြီး ဇာမဏီကို လိုက်ရှာရာကနေ နဂါးမင်းပါ ပျောက်သွားခဲ့တာပါ။ အစွမ်းထက်ပြီး အားအင်ကြီးမားတဲ့ နဂါးနဲ့ ဇာမဏီတို့ ပျောက်ဆုံးနေရတဲ့ နောက်ကွယ်မှာတော့ ပိုးဟပ်တစ်ကောင် ရှိနေပါတယ်။ ရာသီခွင်နတ်မင်းတွေကို အနှောင့်အယှက်ပေးပြီး နေရာအပြောင်းအလဲလုပ်ချင်နေတဲ့ ပိုးဟပ်က ဘယ်လိုအကွက်ဆင်ထားတာလဲ၊ ရာသီခွင်တိရစ္ဆာန်တွေကရော ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဆက်ပြထားပါတယ်။ တရုတ်ရာသီခွင်ဒဏ္ဍာရီကို အခြေခံထားတဲ့ ကာတွန်းကားဖြစ်ပြီး ဟာသတွေနဲ့အတူ ပညာပေးအကြောင်းအရာတွေလည်း ထည့်ထားပါတယ်။

ဇာတ်လမ်းအကြောင်း