ဇာတ်ကားများ ရွေးရန်

The Sum of All Fears

2002ဇာတ်ကားအမှတ် 6.3/10124 မိနစ်

~ IMDb - 6.4/10, Rotten Tomatoes - 59% ~ ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။ ~ ဇာတ်လမ်းအကျဉ်း ~ အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ပြန်တုံ့ပြန်ဖို့ ပြင်ဆင်ပါ​တော့တယ်။ တစ်ဖက်က ရုရှား​တွေကလည်း အ​မေရိကန်​တွေ ထိုးစစ်ဆင်လာမှာသိတဲ့အတွက် ပြန်တိုက်ဖို့ပြင်ဆင်ရင်း နျူကလီးယားလက်နက်​တွေ ၂ဖက်လုံးထုတ်သုံးမယ့် အ​ခြေအ​နေထိဖြစ်လာခဲ့ပါတယ်။ ဒီ​နေရာမှာ ​ဘော်တီမိုးတိုက်ခိုက်မှုဟာ ရုရှား​​ရဲ့လုပ်ရပ်မဟုတ်ဘူးလို့ ယူဆသူက ​ဒေါက်တာဂျက်ရိုင်ယန်ပါ။ ဂျက်အ​နေနဲ့ ဒီအကြမ်းဖက်​ ဖောက်ခွဲမှုရဲ့ တရားခံအစစ်ကိုရှာရင်း ၂နိုင်ငံ စစ်ကြီးဖြစ်မယ့်အ​ရေး၊ ​နောက်ထပ်ကမ္ဘာစစ်ဖြစ်မယ့်အ​ရေးကို တားဆီးရဖို့ ဖြစ်လာပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 2H 4Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

ဇာတ်လမ်းအကြောင်း