Detective Dee and Grand Canal Dragon
ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ စီးမာချိန်ကျန်းနဲ့ မူးမတ်တစ်ရာကျော်ကို ခေါ်ပြီး လုံမိန်ဆီ တိုင်းခန်းလှည့်လည်လာပါတယ်။ ညဘက်မှာ လော့ယန်မြို့က လူသောင်းချီဟာ ဝူကျဲထျန်းကို ဖူးမြော်ဖို့ လုံမိန်ဘက် အပြေးအလွှား ရောက်လာကြတယ်။ အဲဒီအချိန်မှာပဲ တူးမြောင်းကြီးထဲက နဂါးပုံသဏ္ဌာန် တိရစ္ဆာန်ကြီးတစ်ကောင် ပေါ်လာပြီး တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ပြည်သူတွေက နိမိတ်ဆိုးလို့ ပြောဆိုကြတော့ ဝူကျဲထျန်း ဒေါသထွက်ပြီး နဂါးမင်းအမှုကို စစ်ဆေးဖို့ စုံထောက်ဒီးရန်ကျယ်ကို ပြန်ဆင့်ခေါ်တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေ ပျံ့နှံ့ပြီး လူတွေ ကြောက်လန့်နေကြချိန်မှာ ဒီးရန်ကျယ်ကတော့ ခုနစ်ရက်အတွင်း အမှုကို အဖြေထုတ်ရမယ့် အမိန့်ကို ရလိုက်ပါတယ်။ အချိန်ကန့်သတ်ချက်နဲ့အတူ အခက်အခဲတွေ၊ အန္တရာယ်တွေကြားကနေ ဒီတိုက်ခိုက်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ စုံစမ်းရတော့တယ်။
ဇာတ်လမ်းအကြောင်း