ဇာတ်ကားများ ရွေးရန်

Judge Dredd

1995ဇာတ်ကားအမှတ် 5.8/1096 မိနစ်

ခုနှစ် ၂၁၀၀ ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်လာပါတယ်။ အသက်ရှင်ကျန်ဖို့အတွက် လူတွေက မီဂါမြို့တော်တွေ တည်ထောင်ပြီး နေရာကျဉ်းကျဉ်းထဲမှာ စုပြုံနေထိုင်ကြရတယ်။ လူဦးရေနဲ့အတူ ရာဇဝတ်မှုတွေပါ များလာတဲ့အခါ သာမန်တရားရေးစနစ်နဲ့ မထိန်းနိုင်တော့လို့ စနစ်အသစ်တစ်ခု ကျင့်သုံးလာကြပါတယ်။ ဒီစနစ်ထဲက စီရင်သူတွေဟာ ရဲ၊ ဂျူရီလူကြီးနဲ့ ကွပ်မျက်သူတာဝန်တွေကို တစ်ပြိုင်တည်း ယူထားကြသူတွေပါ။ မီဂါမြို့တော်တစ်မှာတော့ ဥပဒေကို အလေးအမြတ်ထားတဲ့ စီရင်သူ ဒရက်ဒ်က ရာဇဝတ်မှုတွေကို ဦးဆောင်ဖြေရှင်းနေပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သတင်းထောက်လင်မယားမိသားစုကို သတ်မှုနဲ့ သူကိုယ်တိုင် ဖမ်းဆီးစွဲချက်တင်ခံလိုက်ရတယ်။ အပြစ်ရှိကြောင်း သက်သေတွေ့တဲ့အတွက် အက်စပန်ထောင်မှာ တစ်သက်တစ်ကျွန်း ကျခံဖို့ အမိန့်ချခံရပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မြို့မှာလည်း ၄၈ နာရီအတွင်း စီရင်သူ ၁၀၈ ယောက် အသတ်ခံရပြီး ဖရိုဖရဲဖြစ်လာတယ်။ “ငါက တရားဥပဒေပဲ” လို့ ကြွေးကြော်ခဲ့သူဟာ အခုတော့ သူတန်ဖိုးထားတဲ့ ဥပဒေအရ အကျဉ်းသားဖြစ်သွားပါပြီ။ ဒီလူသတ်မှုကို သူတကယ်ကျူးလွန်ခဲ့သလား၊ အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ကျန်နေပါတယ်။ စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၉၅ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာလည်း Dredd အမည်နဲ့ ဇာတ်ကားတစ်ကား ထပ်မံထွက်ရှိခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း