ဇာတ်ကားများ ရွေးရန်

Revoir Paris

2022ဇာတ်ကားအမှတ် 7.2/10105 မိနစ်

ပဲရစ်မြို့လယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး လူအများအပြား သေဆုံးခဲ့ကြပါတယ်။ အသက်ရှင်ကျန်သူက ဆယ်ယောက်တောင် မပြည့်တဲ့အထဲ မီရာလည်း ပါဝင်ခဲ့တယ်။ ဒါပေမယ့် သူလွတ်မြောက်လာခဲ့ပုံနဲ့ အဲဒီညက သူ့ဆီမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို လုံးဝ မမှတ်မိတော့ပါဘူး။ တခြားအသက်ရှင်ကျန်သူတွေက အဲဒီညက မီရာအကြောင်း ပြန်ပြောပြကြပေမယ့် သူ့အတွက်တော့ ဆက်စပ်နားလည်ဖို့ခက်တဲ့ ပဟေဠိတွေလို ဖြစ်နေတယ်။ ပဲရစ်မှာ သူကြုံခဲ့ရတာတွေဟာ ချိုမြိန်တဲ့ အမှတ်တရတွေ မဟုတ်ဘဲ နောက်ကနေ လိုက်နေမယ့် ဆိုးရွားတဲ့ အတိတ်ဖြစ်လာပါတယ်။ မှုန်ဝါးနေတဲ့ မှတ်ဉာဏ်တွေကြားကနေ တိုက်ခိုက်ခံခဲ့ရတဲ့ညအကြောင်းကို မီရာ ပြန်ဖော်ထုတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း