Tombstone
ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ဟာ ပစ်ခတ်ရ၊ လူဆိုးတွေကို ထိန်းရတဲ့ဘဝကို စိတ်ကုန်လာလို့ သေနတ်ကို အနားပေးပြီး အခြေချဖို့ ဆုံးဖြတ်ထားပါတယ်။ ဒုတိယဇနီးနဲ့ အာ့ပ်ညီနောင်နှစ်ယောက်ကိုပါ ခေါ်ပြီး Tombstone မြို့လေးကို ရောက်လာတယ်။ မြို့က တိုးတက်နေတယ်ဆိုပေမယ့် အနီရောင်ပုဝါစည်းထားတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေရဲ့ အာဏာကလည်း သိပ်မသက်ရောက်လှပါဘူး။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်က လောင်းကစားဝိုင်းမှာ လုံခြုံရေးလုပ်ရင်း ဝင်ငွေရှာနေတယ်။ အဲဒီမှာ သူ့မိတ်ဆွေရင်း ဒေါ့ခ်ဟောလီးဒေးနဲ့ ကောင်းဘွိုင်တွေ ပြဿနာတက်ကြပါတယ်။ ဥပဒေဘက်တော်သားဟောင်းဖြစ်တဲ့ ဝိုင်ယက်ကို မူလကတည်းက မကြည်ဖြူကြတဲ့ ကောင်းဘွိုင်တွေကပါ ဝိုင်းပြဿနာရှာလာတော့ သူလည်း အနားပေးထားတဲ့ သေနတ်ကို ပြန်ကိုင်ပြီး ဒီလူရမ်းကားအုပ်စုနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဖွဲ့ထားပြီး Kurt Russell၊ Val Kilmer နဲ့ Sam Elliott တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကောင်းဘွိုင်ဇာတ်ကားပုံစံထဲမှာ လူဆိုးဂိုဏ်းတွေရဲ့ အားပြိုင်မှုဆန်တဲ့ အငွေ့အသက်နဲ့ ဒရာမာအပိုင်းတွေလည်း ရောပါနေတယ်။
ဇာတ်လမ်းအကြောင်း