Me Before You
အသက် ၂၆ နှစ်အရွယ် လူဝီဆာကလတ်ခ်ဟာ စားပွဲထိုးအလုပ် ပြုတ်သွားတဲ့အခါ အိမ်ကမိဘတွေနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ အလုပ်သစ် အသည်းအသန်ရှာရပါတယ်။ ဒီလိုနဲ့ ဝီလ်ထရေးနာဆိုတဲ့ အမျိုးသားကို စောင့်ရှောက်ပေးရမယ့်အလုပ်ကို လက်ခံလိုက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် ကိုယ်ခန္ဓာအများစု မလှုပ်ရှားနိုင်တော့တဲ့ ဝီလ်ဟာ အရင်က အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့သူပါ။ ဝတ်စားဆင်ယင်ပုံ ထူးခြားပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ လူဝီဆာနဲ့ အရာရာကို စိတ်အလိုမကျဘဲ ဒေါသထွက်နေတတ်တဲ့ ဝီလ်တို့ စစချင်းမှာတော့ အဆင်မပြေကြဘူး။ ကိုယ့်မြို့လေးပြင်ပကို မသွားဖူးသေးတဲ့ လူဝီဆာရဲ့ဘဝကို ဝီလ်က အားမရသလို၊ အားလုံးဝိုင်းဂရုစိုက်ပေးနေရက်နဲ့ ဘာကြောင့် ဒီလောက်စိတ်ဆိုးနေရသလဲဆိုတာကို လူဝီဆာကလည်း နားမလည်နိုင်ပါဘူး။ အချိန်ကြာလာတော့ နှစ်ယောက်သား သံယောဇဉ်တွယ်လာပြီး လူဝီဆာရဲ့ အမြင်တွေလည်း ပြောင်းလဲလာတယ်။ သူ့ကို ဘာကြောင့် ခြောက်လပဲ ငှားထားသလဲဆိုတာ သိလိုက်ရတဲ့အခါ ဝီလ်ရဲ့စိတ်ကို လူဝီဆာ ပြောင်းလဲပေးနိုင်ပါ့မလားဆိုတာက ဆက်ကြည့်စရာ ဖြစ်လာပါတယ်။ Jojo Moyes ရဲ့ဝတ္ထုကို ပြန်ရိုက်ထားပြီး လူဝီဆာအဖြစ် Emilia Clarke၊ ဝီလ်အဖြစ် Sam Claflin တို့ သရုပ်ဆောင်ထားတဲ့ အချစ်ဒရမ်မာကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း