ဇာတ်ကားများ ရွေးရန်

Green Street Hooligans: Underground

2013ဇာတ်ကားအမှတ် 5.5/1090 မိနစ်

ဘောလုံးအသင်းကို အားပေးရင်း ပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေနဲ့ ကိုယ်ထိလက်ရောက် ရန်ဖြစ်ကြ၊ အုပ်စုလိုက် ချိန်းထိုးကြတဲ့ ဘောလုံးလူရမ်းကားတွေအကြောင်းကို ရိုက်ထားတဲ့ ၂၀၁၃ ခုနှစ်ထွက် Green Street ရဲ့ တတိယမြောက်ဇာတ်ကားပါ။ ညီဖြစ်သူ ဂျိုဝီ ပဟေဠိဆန်ဆန် သေဆုံးသွားတဲ့အတွက် ဒန်နီဟာ သူအရင်က ဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အမာခံပရိသတ်အဖွဲ့ ဂရင်းစထွိဆီ ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူပြန်လာချိန်မှာ အဖွဲ့တွေကြားက ရန်ပွဲတွေဟာ အရင်လို လမ်းဘေးမှာ ဖြစ်ချင်သလို ဖြစ်နေကြတာမျိုး မဟုတ်တော့ဘူး။ လူတွေရှေ့မှာ စည်းစနစ်တကျ ထိုးသတ်ကြတဲ့ လျှို့ဝှက်ပွဲတွေ ဖြစ်နေပါပြီ။ ဒန်နီက ဂရင်းစထွိအဖွဲ့ကို ထိပ်ဆုံးပြန်ရောက်အောင် ဘယ်လိုဦးဆောင်မလဲ၊ ညီဖြစ်သူကို သတ်သွားသူကိုရော ဘယ်လိုရှာမလဲ။ ဒီလူမိုက်တွေကြားမှာ ပိုပြီးအန္တရာယ်များတဲ့သူတွေပါ ပါဝင်လာချိန်မှာ သူဘယ်လိုရင်ဆိုင်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း