ဇာတ်ကားများ ရွေးရန်

In the Line of Fire

1993ဇာတ်ကားအမှတ် 7.0/10128 မိနစ်

~ IMDb - 7.2/10, Rotten Tomatoes - 96% ~ ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကား​တွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။ ​ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတ​က​နေဒီရဲ့ သက်​တော်​စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ က​နေဒီလုပ်ကြံခံရတဲ့အချိန် သက်​တော်​စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စ​နောက်ပိုင်း လျှို့ဝှက်​အေးဂျင့်အ​နေနဲ့ပဲ လုပ်ကိုင်​နေရင်း တစ်​နေ့မှာတော့ လက်ရှိသမ္မတ​ကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်း​​​ခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ​​ရွေး​ကောက်ပွဲအတွက် မဲဆွယ်မှု​တွေ ပြုလုပ်​နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာ​နေရတဲ့အချိန်ပါ။ က​​နေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံ​တော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်း​ခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ​ရွေးချယ်လိုက်ပါ​တော့တယ်။ မင်းသားကြီး ၂​ယောက်ရဲ့သရုပ်​ဆောင်ပုံ​​တွေက ပီပြင်တာ​ကြောင့် Thriller စစ်စစ် အရသာကို ​ပေးစွမ်းနိုင်ရုံတင်မက သက်​တော်​စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကား​ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 770MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 8Min Genre - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

ဇာတ်လမ်းအကြောင်း