A Stitch in Time
လီပါဟာ အဆိုရှင်ဖြစ်တဲ့ ခင်ပွန်းကို ကူညီပေးဖို့ ငယ်ငယ်ကတည်းက ကိုယ်ဝါသနာပါတဲ့ အပ်ချုပ်အလုပ်ကို စွန့်လွှတ်ခဲ့သူပါ။ ခင်ပွန်းရဲ့အိပ်မက်ဖြစ်တဲ့ အခွေထုတ်နိုင်ရေးကို ဝိုင်းကူဖို့ ကြိုးစားနေတုန်း တရုတ်ဒီဇိုင်နာ ဟန်းနစ်ချ်နဲ့ ပြန်တွေ့ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုကနေ လီပါလည်း ကိုယ့်အိပ်မက်တွေကို ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာတယ်။ ဒါပေမဲ့ တစ်ချိန်က လက်လွှတ်ထားခဲ့တဲ့ ဝါသနာဆီ ပြန်သွားဖို့က မလွယ်ပါဘူး။ ခင်ပွန်းရဲ့ကန့်ကွက်မှုတွေရှိသလို ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် အခက်အခဲတွေလည်း ရှိနေတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဒရာမာကားမှာ လီပါက အဲဒီအတားအဆီးတွေကြား ကိုယ်လုပ်ချင်တဲ့အလုပ်ကို ပြန်လုပ်နိုင်ဖို့ ရုန်းကန်ကြိုးစားရပုံကို အေးအေးငြိမ့်ငြိမ့် ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း