Locke
အိုင်ဗန်လော့ခ်ဟာ အောင်မြင်တဲ့ ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်ပြီး ကက်ထရီနာ၊ အက်ဒီ၊ ရှောင်တို့နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို တည်ဆောက်ထားသူပါ။ အရာရာအဆင်ပြေနေတဲ့ သူ့ဆီကို တစ်နေ့မှာ ဗေသန်မက်ဂွားယားဆိုတဲ့ အမျိုးသမီးဆီက ဖုန်းဝင်လာပါတယ်။ ဗေသန်က သူနဲ့ တစ်ညတာ အတူနေခဲ့ဖူးသူဖြစ်ပြီး အခု အိုင်ဗန်နဲ့ရတဲ့ကလေးကို မွေးဖို့ သားဖွားခန်းထဲ ရောက်နေပြီလို့ ပြောလာတာပါ။ အိုင်ဗန်မှာ သူမွေးလာပြီးနောက် စွန့်ပစ်သွားခဲ့တဲ့ အဖေအပေါ် နာကျည်းချက်တွေ ရှိနေတယ်။ ဒါကြောင့် အဖေ့လိုအမှားမျိုး မကျူးလွန်မိဖို့ ဗေသန်ရဲ့ကိုယ်ဝန်ကို တာဝန်ယူမလား၊ လက်ရှိမိသားစုနဲ့ ဗေသန်ကြားမှာ ဘယ်လိုရွေးချယ်မလဲဆိုတဲ့ အခြေအနေကို ရောက်လာပါတယ်။ ကိုယ်ရေးကိုယ်တာပြဿနာတွေ တက်နေတုန်း အလုပ်မှာပါ ပြဿနာပေါ်လာတော့ မိသားစုအရေး၊ မွေးလာမယ့်ကလေးအရေးနဲ့ အလုပ်အရေးတွေကို တစ်ပြိုင်တည်း ကိုင်တွယ်ရတော့တယ်။ Tom Hardy၊ Tom Holland နဲ့ Olivia Colman တို့ ပါဝင်ထားတဲ့ ဒရာမာ၊ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး အမှားတစ်ခုကနေ ဘဝရဲ့အခြားကိစ္စတွေအထိ ဘယ်လိုသက်ရောက်သွားနိုင်သလဲဆိုတာကို အိုင်ဗန်ရဲ့အဖြစ်နဲ့ ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း