CSI Sanatan
VC ဆိုတဲ့ ချေးငွေကုမ္ပဏီမှာ တစ်ဒေါ်လာ ရင်းနှီးမြှုပ်နှံရုံနဲ့ အိပ်မက်တွေပြည့်ပြီး လူနေမှုဘဝ အဆင်ပြေလာမယ်ဆိုတဲ့ စကားတွေ လူပြောများနေတဲ့ကာလပါ။ အဲဒီအချိန်မှာပဲ ကုမ္ပဏီရဲ့ CEO ဗစ်ကရမ် အသတ်ခံလိုက်ရပါတယ်။ နိုင်ငံအတွင်း နာမည်ကြီးနေသူတစ်ယောက်ရဲ့ လူသတ်မှုဖြစ်တာကြောင့် ရဲတပ်ဖွဲ့အပြင် အထူးကျွမ်းကျင်သူတွေရဲ့ အကူအညီပါ လိုလာပြီး ဆန်နသန်လည်း ဒီအမှုထဲ ပါဝင်လာရတယ်။ ဆန်နသန်က တစ်ချိန်က ရဲဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ စာမေးပွဲကျတဲ့အချိန်မှာ ရည်းစားကလည်း စွန့်ပစ်သွား၊ အစ်ကိုကလည်း သေဆုံးသွားလို့ စိတ်ဓာတ်ကျခဲ့ရတယ်။ နောက်ပိုင်း ပြစ်မှုဗေဒကို သင်ယူရင်း ပြစ်မှုစုံစမ်းစစ်ဆေးရေးမှာ အလွန်ကျွမ်းကျင်လာသူ ဖြစ်ပါတယ်။ အခုတော့ သူ့ပညာနဲ့ အတွေ့အကြုံကို အသုံးချပြီး ဗစ်ကရမ်အသတ်ခံရမှုရဲ့ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရတော့မှာပါ။
ဇာတ်လမ်းအကြောင်း