ဇာတ်ကားများ ရွေးရန်

Wait With Me

2023ဇာတ်ကားအမှတ် 5.8/1090 မိနစ်

ကိတ်ထ်စမစ်သ်ဟာ ရောင်းအားကောင်းခဲ့တဲ့ သူ့စာအုပ်ရဲ့ အဆက်ကို ရေးနေသူပါ။ စာရေးဖို့ ဈာန်ဝင်ချင်တဲ့အတွက် ကားပြင်ဆရာ မိုင်လ်ဟတ်ဆန် အလုပ်လုပ်တဲ့ တာယာဂိုထောင်ကို အကြောင်းအမျိုးမျိုးပြပြီး မကြာခဏ သွားနေတတ်ပါတယ်။ အဲဒီလို အဝင်အထွက်လုပ်ရင်း မိုင်လ်နဲ့ တဖြည်းဖြည်း ရင်းနှီးလာကြတယ်။ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးမှုက အတိုင်းအတာတစ်ခုကို ကျော်လာချိန်မှာ ခံစားချက်တွေလည်း ပိုနက်ရှိုင်းလာပါတယ်။ ဒါပေမဲ့ ကိတ်ထ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းတစ်ခုရှိနေတယ်။ အဲဒီအကြောင်းကို မိုင်လ်သိသွားတဲ့အခါ သူတို့ဆက်ဆံရေး ဘယ်လိုဖြစ်လာမလဲ။ စာရေးဆရာမ အေမီဒေါ်စ်ရဲ့ Wait With Me စာအုပ်စီးရီးထဲက ပထမဆုံးစာအုပ်ကို Passionflix က ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတာပါ။ စာအုပ်မျက်နှာဖုံးမော်ဒယ်၊ ပရိုဂျူဆာနဲ့ သရုပ်ဆောင် အန်ဒရူးဘီရာနက်၊ ဓာတ်ပုံဆရာ၊ ဒါရိုက်တာနဲ့ သရုပ်ဆောင် မက်ဒီဆင်လော်လောတို့ ပါဝင်ထားတဲ့ အချစ်ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း