ဇာတ်ကားများ ရွေးရန်

Star Trek: First Contact

1996ဇာတ်ကားအမှတ် 7.3/10111 မိနစ်

Star Trek ရဲ့ ကမ္ဘာမှာ ဂြိုဟ်တစ်ခုပေါ်က လူ့အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်အားကိုယ်ကိုး တိုးတက်လာပြီး အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားနိုင်ဖို့ Warp Drive ကို တီထွင်နိုင်ချိန်က အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုပါ။ Warp အချက်ပြတွေကို Federation ရဲ့ တာဝေးအာရုံခံစနစ်တွေက ထောက်လှမ်းမိတဲ့အခါ သံတမန်တွေစေလွှတ်ပြီး အဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီလို ပထမဆုံး စဆက်သွယ်တဲ့အချိန်ကို First Contact လို့ ခေါ်ကြတယ်။ တတိယကမ္ဘာစစ်အပြီး ပြန်လည်ရုန်းထနေတဲ့ ကမ္ဘာမှာတော့ ၂၀၆၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ပထမဆုံး Warp Drive ကို စမ်းသပ်မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီအချက်ပြကို Federation က ထောက်လှမ်းမိပြီး ပူးပေါင်းဖို့ လာဖိတ်ခေါ်ခဲ့တာကြောင့် အဲဒီနေ့ဟာ ကမ္ဘာရဲ့ First Contact နေ့ ဖြစ်လာတယ်။ ဒါပေမဲ့ ဂလက်စီရဲ့ Delta Quadrant ဘက်မှာ ကြီးထွားလာတဲ့ စက်နဲ့သက်ရှိ ပေါင်းစပ်ထားသော Borg အုပ်စုက Federation ကို ကျူးကျော်တိုက်ခိုက်လာပါတယ်။ ကမ္ဘာကိုလည်း သိမ်းပိုက်ချင်တဲ့ သူတို့ဟာ တိုက်ရိုက်တိုက်ခိုက်လို့ အနိုင်ရဖို့ မလွယ်တဲ့အတွက် အတိတ်ဆီ အချိန်ခရီးသွားပြီး First Contact နေ့ကို ဖျက်ဆီးဖို့ ကြိုးစားကြတယ်။ သူတို့ကို ရင်ဆိုင်ရမယ့်သူကတော့ ခေတ်မီအာကာသယာဉ်ကြီး အင်တာပရိုက်စ်ရဲ့ ကပ္ပတိန် ပစ်ကာ့ပါ။ သူကိုယ်တိုင်လည်း အရင်က Borg တွေရဲ့ သိမ်းသွင်းမှုကို ခံခဲ့ရဖူးသူဖြစ်တဲ့အတွက် အခုတစ်ကြိမ် ကမ္ဘာရဲ့အတိတ်ကို ဖျက်ဆီးမယ့် သူတို့အစီအစဉ်ကို ဘယ်လိုတားဆီးမလဲ။

ဇာတ်လမ်းအကြောင်း