ဇာတ်ကားများ ရွေးရန်

Strange Days

1995ဇာတ်ကားအမှတ် 7.0/10145 မိနစ်

Strange Days (1995) ~ IMDb - 7.2/10, RT - 68%, Meta - 66% ~ 1995 တုန်းက Sci-Fi ကားတစ်ခုအ​နေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်​ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်​ဆောင်ပါဝင်ထားပြီး Rating ​လေး​လည်း​ကောင်းတဲ့ Strange Days ဆိုတဲ့ကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဇာတ်လမ်းကို​တော့ ရာစုနှစ်တစ်ခုရဲ့​နောက်ဆုံး​နေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ​ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ လူတစ်​ယောက်ရဲ့​ခေါင်း​ပေါ်မှာ ချပ်ပြား​တွေပါတဲ့​ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်​တွေကို မှတ်တမ်းတင်အ​​ခွေတစ်ခုအ​​နေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစား​ရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့​ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်​ပြောင်းလဲသွားခဲ့ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်​ကောင်ဖြစ်တဲ့ လန်နီက​တော့ ဒီနည်းပညာကိုအသုံးပြုပြီး လူ​တွေရဲ့စိတ်ကို​ကျေနပ်​​အောင်လုပ်​ပေးရင်း တစ်​နေ့မထင်မှတ်ပဲ လူမည်းတစ်​ယောက်ကို လူဖြူ ရဲ​တွေ ပစ်သတ်လိုက်တာကို မထင်မှတ်ပဲ မှတ်တမ်းက​နေ သိလိုက်ရပါတယ်။ တစ်ဖက်မှာလည်း ရည်းစား​ဟောင်း ဖိတ် နဲ့ သူငယ်ချင်းအိုင်းရစ်ကလည်း ဒီကိစ္စနဲ့ ပတ်သက်​နေတာကို သိသွားပြီး ရည်းစား​ဟောင်းအ​ပေါ် စိတ်မပျက်​​သေးတဲ့ လန်နီတစ်​ယောက် ဘယ်လိုလွတ်​မြောက်​အောင်ကယ်တင်ခဲ့လဲ... ဘယ်လို​တွေ​​ဖြေရှင်းခဲ့လဲဆိုတာ​တွေကို ကြည့်ရမယ့် ဒရာမာ အက်ရှင် သိပ္ပံစိတ်ကူးယဥ်ကား​ကောင်း​လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.7GB, 1.1GB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 25Min Genre - Crime, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

ဇာတ်လမ်းအကြောင်း