ဇာတ်ကားများ ရွေးရန်

27 Days Underground

2023ဇာတ်ကားအမှတ် 4.0/1075 မိနစ်

မိသားစုအခက်အခဲကိုယ်စီရှိကြတဲ့ မိုင်းလုပ်သားငါးယောက်ဟာ စားဝတ်နေရေးအတွက် မိုင်းတွင်းမှာ အလုပ်လုပ်နေကြပါတယ်။ တစ်နေ့ မြေပြိုမှုဖြစ်တဲ့အခါ သူတို့ငါးယောက်လုံး မီတာ ၄၀၀ နီးပါး နက်တဲ့ မိုင်းတွင်းအောက်ခြေတစ်နေရာမှာ ပိတ်မိသွားကြတယ်။ အပြင်ဘက်က ကယ်ဆယ်ရေးသမားတွေက အဆက်မပြတ် ကြိုးစားနေကြပေမယ့် သူတို့ရောက်နေတဲ့နေရာကိုတောင် တိတိကျကျ မခန့်မှန်းနိုင်ကြပါဘူး။ မြေအောက်ဥမင်ထဲမှာတော့ မှောင်မိုက်ပြီး လေထုလည်း မလုံလောက်ဘူး။ လိုအပ်တာတွေ ပြတ်လပ်နေတဲ့အကြား တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းရင်း သူတို့ အသက်ရှင်နိုင်ပါ့မလားဆိုတာ ပိုပြီးစိုးရိမ်လာရပါတယ်။ မျှော်လင့်ချက်ကို လက်လွှတ်လိုက်မလား၊ ဆက်ရုန်းကန်ကြမလား။ မိသားစုနဲ့ ချစ်ခင်ရသူတွေအပေါ်ထားတဲ့ သံယောဇဉ်တွေကရော သူတို့ ဆက်တောင့်ခံနိုင်ဖို့ အားဖြစ်လာနိုင်မလား။ ဒီမိုင်းလုပ်သားတွေရဲ့အဖြစ်ကို အခြေခံပြီး အလုပ်သမားဘဝနဲ့ လောကဓံအခက်အခဲတွေကို ပြထားသလို စည်းလုံးညီညွတ်မှုနဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့လက္ခဏာတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်သွင်းထားပါတယ်။

ဇာတ်လမ်းအကြောင်း