A Neighbor's Vendetta
ဂျေးနဲ့ ဆွန်ရာတို့ဟာ သာယာတဲ့မိသားစုဘဝကို ဖြတ်သန်းနေကြရင်း ကားမတော်တဆမှုတစ်ခုမှာ သမီးလေး အိဗ်ကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက် ဆွန်ရာက ဂျေးကို စိတ်ကွက်လာပြီး မျက်နှာတောင် မကြည့်ချင်တော့တဲ့အထိ ဖြစ်သွားတယ်။ နှစ်ယောက်သား အတူနီးကပ်နေချိန်မှာတောင် မတော်တဆမှုကို ပြန်မြင်ယောင်နေတဲ့အတွက် အိမ်ထောင်ရေးမှာ အခက်အခဲတွေ ရှိလာပါတယ်။ ဆွန်ရာ စိတ်သက်သာလာဖို့ ဂျေးက ခဏခွဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဆရာဝန်ရဲ့အကူအညီနဲ့ စိတ်အခြေအနေ ပြန်ကောင်းလာတဲ့ ဆွန်ရာဟာ ရော့ဘတ်နဲ့ ပတ်သက်မိသွားပါတယ်။ တစ်ညမှာ နှစ်ယောက်သား ဖုန်းကနေ လိင်ပိုင်းဆိုင်ရာ စကားတွေ ပြောနေကြရင်း ရော့ဘတ်ဘက်မှာ မတော်တဆဖြစ်ပြီး သေဆုံးသွားတယ်။ ဆွန်ရာ မသိထားတာက ရော့ဘတ်မှာ အိမ်ထောင်ရှိနေတာပါ။ ရော့ဘတ်ရဲ့ဇနီး မီယာက အရှက်ကြောင့် ဒီကိစ္စကို ဖုံးကွယ်ထားပြီး ခင်ပွန်းနဲ့ပတ်သက်ခဲ့တဲ့ အမျိုးသမီးကို လိုက်ရှာပါတော့တယ်။ အဲဒီအချိန်မှာ ဂျေးနဲ့ ဆွန်ရာကလည်း အတူပြန်နေကြည့်ဖို့ မြို့ပြင်က အိမ်လေးတစ်အိမ်ဆီ ပြောင်းလာကြတယ်။ ဆွန်ရာကို ရှာတွေ့သွားတဲ့ မီယာက ဂျေးနဲ့ ပြန်ပတ်သက်ပြီး ကလဲ့စားချေဖို့ ကြိုးစားလာပါတယ်။ ဒီအကြောင်းတွေကို ဘာမှမသိတဲ့ ဂျေးကတော့ အမျိုးသမီးနှစ်ယောက်ရဲ့ အငြိုးအတေးတွေကြားမှာ ကြားညပ်နေရတာပါ။
ဇာတ်လမ်းအကြောင်း