ဇာတ်ကားများ ရွေးရန်

Invitation to a Murder

2023ဇာတ်ကားအမှတ် 5.9/1093 မိနစ်

Miranda Green ဟာ ပန်းရောင်းတဲ့အလုပ် လုပ်နေပေမယ့် စိတ်ဝင်စားတာက စုံထောက်ဇာတ်လမ်းတွေနဲ့ စွန့်စားခန်းတွေပါ။ Agatha Christie ရဲ့ အမာခံစာဖတ်ပရိသတ်တစ်ယောက်ဖြစ်ပြီး ထိတွေ့မှုတိုင်းမှာ ခြေရာကျန်တယ်ဆိုတဲ့ စကားကို လက်ကိုင်ထားသူလည်း ဖြစ်ပါတယ်။ အကဲခတ်တတ်ပြီး အကြောင်းအရာတွေကို ဆက်စပ်စဉ်းစားနိုင်တဲ့ Miranda အတွက် ရင်ခုန်စရာသိပ်မရှိတဲ့ ပန်းဆိုင်အလုပ်မှာ မပျော်ပိုက်လှဘူး။ Christie ရဲ့စာအုပ်တွေဖတ်ရင်းပဲ သူနှစ်သက်တဲ့ ပဟေဠိတွေနဲ့ အချိန်ကုန်နေခဲ့တာပါ။ တစ်နေ့မှာတော့ Louis Findley ဆိုတဲ့ သူဌေးကြီးနဲ့ တွေ့ဆုံဖို့ ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ထားတဲ့စာ Miranda ဆီ ရောက်လာပါတယ်။ သူက ဒီဖိတ်ကြားမှုကို စာအုပ်တွေထဲကလို ကိုယ်တိုင် စူးစမ်းထောက်လှမ်းခွင့်ရမယ့် အခွင့်အရေးအဖြစ် မြင်ပြီး သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သူနဲ့ တစ်ခါမှမသိကျွမ်းဖူးတဲ့ လူငါးယောက်ကိုလည်း အတူဖိတ်ထားမှန်း သိလိုက်ရပါတယ်။ ဖိတ်တဲ့သူ Findley အကြောင်းကတော့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာတစ်ယောက်ဆိုတာကလွဲလို့ သိရသမျှ နည်းလွန်းတယ်။ တစ်ယောက်တည်း နေရတာကို နှစ်သက်ပြီး ဓာတ်ပုံတောင် ရှာမတွေ့လောက်အောင် သိုသိပ်နေသူပါ။ သူတို့ခြောက်ယောက်ကို ဘာကြောင့် ရွေးဖိတ်ထားတာလဲ။ ကိုယ်တိုင်ဖိတ်ထားပေမယ့် ကျွန်းပေါ်ရောက်လာချိန်မှာ ဘာကြောင့် ထွက်မတွေ့ဘဲ ဝန်ထမ်းတွေနဲ့ပဲ လွှဲထားတာလဲ။ အခြားဧည့်သည်ငါးယောက်မှာရော ဘယ်လိုအကြံတွေ ရှိနေနိုင်သလဲဆိုတဲ့ မေးခွန်းတွေကြားမှာ Miranda က ဒီကျွန်းရဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း