ဇာတ်ကားများ ရွေးရန်

One Hour Photo

2002ဇာတ်ကားအမှတ် 6.6/1096 မိနစ်

ဆိုင် ပဲရစ်ရှ်ဟာ ဖလင်ကနေ ဓာတ်ပုံကူးပေးတဲ့အလုပ်ကို ကြာကြာလုပ်လာပြီး ကိုယ့်အလုပ်အပေါ် လေးစားမှုရှိတဲ့သူပါ။ သူကူးပေးတဲ့ ဓာတ်ပုံတစ်ပုံမှာ အရောင်နည်းနည်းလွဲနေရင်တောင် မကျေနပ်ဘဲ အပြည့်အဝကောင်းနေမှ လက်ခံတတ်တယ်။ ပုံမှန်လာနေကျ ဖောက်သည်တွေကိုလည်း စေတနာနဲ့ ဓာတ်ပုံကူးခ လျှော့ပေးတတ်ပါတယ်။ အဲဒီဖောက်သည်တွေထဲမှာ ဝီလီယံနဲ့ နီနာ ယော့ကင်တို့မိသားစုလည်း ပါတယ်။ သူတို့သားလေး ငယ်ငယ်ကနေ အသက်ကိုးနှစ်ပြည့်တဲ့အထိ ဓာတ်ပုံတွေကို ဆိုင်ကပဲ ကူးပေးခဲ့ရတာပါ။ တစ်ယောက်တည်းနေတဲ့ လူပျိုကြီး ဆိုင်ဟာ အချိန်ကြာလာတာနဲ့အမျှ ယော့ကင်တို့မိသားစုကို သံယောဇဉ်တွယ်လာခဲ့တယ်။ တစ်နေ့တော့ သူ့ဆီလာကူးခိုင်းတဲ့ ဓာတ်ပုံတွေထဲမှာ ဝီလီယံ ဖောက်ပြန်နေတဲ့ပုံတွေကို တွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ စာရင်းကွာဟမှုတွေကြောင့် မန်နေဂျာက ဆိုင်ကို အလုပ်ဖြုတ်လိုက်တယ်။ နီနာနဲ့ သားလေးကို ဝီလီယံရဲ့အကြောင်း သိအောင်လုပ်ပေးမယ်ဆိုရင် မိသားစုအပေါ် သံယောဇဉ်ကြီးနေတဲ့ ဆိုင်က ဘယ်လိုလုပ်ရပ်တွေ ကျူးလွန်မိနိုင်မလဲ။ Robin Williams က ဆိုင် ပဲရစ်ရှ်အဖြစ် ပါဝင်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း