Jesus Revolution
ဗီယက်နမ်နဲ့ အမေရိကန် စစ်ဖြစ်နေတဲ့ကာလ၊ ကယ်လီဖိုးနီးယားမှာ စစ်ကိုဆန့်ကျင်ပြီး သမားရိုးကျဘဝပုံစံကနေ ဖောက်ထွက်ချင်ကြတဲ့ လူငယ်တွေ စုဝေးလာကြပါတယ်။ ဆံပင်ရှည်ထား၊ မူးယစ်ဆေးသုံးပြီး နေရာအတည်တကျမရှိဘဲ နေထိုင်ကြတဲ့ ဟစ်ပီတွေကို ရှေးရိုးစွဲအမေရိကန်တွေကတော့ လက်မခံချင်ကြဘူး။ အဲဒီအသိုင်းအဝိုင်းထဲက လွန်နီဖရစ်စဘီဟာ ဘာသာရေးနိုးကြားမှု လှုပ်ရှားမှုတစ်ခုကို စတင်လာပါတယ်။ အဟောအပြောကောင်းသလို ယေရှုနဲ့ဆင်တူတဲ့ ရုပ်သွင်ရှိတာကြောင့် သူ့ကို အားပေးထောက်ခံသူတွေ တဖြည်းဖြည်း များလာခဲ့တယ်။ အမေရိကန်သမိုင်းနောက်ခံ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဒရာမာမှာ လွန်နီဖရစ်စဘီနဲ့ သူ့နောက်လိုက် ဂရက်လော်ရီတို့ရဲ့အကြောင်းကို အဓိကထား ပြောပြထားပါတယ်။
ဇာတ်လမ်းအကြောင်း